မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနကအသက်၉ဝနှင့်အထက် သက်ကြီးရွယ်အိုများကိုနှစ်စဉ် ထောက်ပံ့ကြေး
များပေးအပ်မည်ဖြစ်ကြောင်းမွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကဟင်္သာမီဒီယာသို့ ပြောသည်။

grandMother

မွန်ပြည်နယ်တွင်နေထိုင်သည့် အသက်၉ဝနှင့်အထက် အဘိုး၊အဘွားတစ်ဦးလျှင် တစ်နှစ်လျှင် ငွေကျပ် တစ်သောင်းခွဲထောက်ပံ့ပေးမည်ဖြစ်ပြီးအသက် ၁ဝဝနှင့် အထက်ဘိုး၊ဘွားများကို ငွေကျပ်နှစ်သောင်းစီဖြင့် သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပေးနေကြောင်းဦးကိုကိုနိုင်ကဆိုသည်။

“ ဌာနဘတ်ဂျက်ကနေသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းမြို့နယ်အလိုက်ပေးဖို့လုပ်နေပါပြီ၊ အသက်အထောက်အထားမှန်တဲ့သူအားလုံးကိုထုတ်ပေးနေပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်တွင်နေထိုင်နေသည့်သက်ကြီးရွယ်အိုများအနက်မှ အသက်၉ဝနှင့်အထက် ၁၇၆၇ဦးရှိပြီး ၁ဝဝနှင့် အထက် ၇၆ဦးရှိကြောင်း လူမှုဝန်ထမ်းရုံးမှထုတ်ပြန်သည့် စာရင်းများအရသိရသည်။

၂ဝ၁၅ခုနှစ်က သမ္မတနှင့် ဌာနဆိုင်ရာဝန်ကြီးများ၏ လစာငွေများထဲမှ အသက်၉ဝနှင့်အထက်ဘိုးဘွားများကိုငွေကျပ် တစ်သောင်းရှစ်ထောင်၊ အသက်တစ်ရာနှင့်အထက် ဘိုးဘွားများကိုငွေကျပ်နှစ်သိန်းဖြင့်ထောက်ပံ့နိုင် ခဲ့ကြောင်းလူမှုဝန်ထမ်းရုံးထံမှသိရသည်။

“ ဒီအစိုးရသစ်လက်ထက်မှာတော့ ဌာနရဲ့ ဘတ်ဂျက်ကနေပဲထောက်ပံ့ပေးတာဖြစ်တဲ့အတွက် လတိုင်းမဟုတ်ဘဲနဲ့ တစ်နှစ်မှာတစ်ကြိမ်ပဲပေးနိုင်ပါတယ်” ဟုဦးကိုကိုနိုင်ကပြောသည်။

အစိုုးရမှ သက်ကြီးရွယ်အိုများကိုငွေများထောက်ပံ့ပေးသဖြင့် ဘိုးဘွားများလိုအပ်နေသည့် ဆေးဝါးအသုံးစရိတ်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုတစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေကြောင်းမော်လမြိုင်မြို့နယ် တောင်ဝိုင်းဘိုးဘွားရိပ်သာဒုဥက္ကဋ္ဌဦးစိုးသွင်ကပြောသည်။

“ဒီငွေတွေဟာအဘိုးအဘွားတွေအလှူအတန်းပြုဖို့အသုံးစရိတ်ဖြစ်ပြီးထောက်ပံ့ပေးတဲ့အတွက်လည်းတော်တော်ဝမ်းသာနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယခုနှစ်အတွင်း အသက်၁ဝဝနှင့်အထက်ကျော်လွန်သည့် သက်ကြီးရွယ်အိုများကိုအခြားလူမှု
ဖောင်ဒေးရှင်းများနှင့်ချိတ်ဆက်ပြီးထောက်ပံ့နိုင်ရန်စီစဉ်နေကြောင်းဦးကိုကိုနိုင်ကပြောသည်။

Leave a Reply