မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ။ ။ မွန်ပြည်နယ် အတွင်း ရှေးဟောင်းယဉ်ကျေးမှု တူးဖော်ရေးအတွက် ၂၀၁၅- ၂၀၁၆ဘဏ္ဍာရေး နှစ် အတွင်း သိန်း ၁၀၀၀ကျော် သုံးစွဲခဲ့ကြောင်း မွန်ပြည်နယ် စီးပွားရေး နှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဟင်္သာမီဒီ ယာကို ပြောကြားသည်။

mon-heart
“ဘတ်ဂျက်နှစ်ကတော့ ပြီးသလောက်ဖြစ်နေပြီ၊ လုပ်ငန်းလဲ သိမ်းတော့မယ်၊ လာမည့် အစိုးရကိုလည်း အပြောင်းအလွဲ လုပ်ရတော့မှာကိုး၊ တူးဖော်တဲ့အခါမှာ အခက်အခဲတွေနည်းနည်း တော့ ရှိတယ် ၊ကျွန်တော် တို့မွန်မှာက ရှေးဟောင်း မြို့တွေတော်တော်များတယ် ၊ တူးဖော်ဖို့အတွက် ပညာရှင်တွေနည်းတယ်၊ တတ်နိုင်သလောက် တက္ကသိုလ်က ဆရာတွေနဲ့ပဲ လုပ်ဆောင်ခဲ့တာများတယ််”ဟု ဒေါက်တာမင်းနွယ်စိုးက
ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှု တူးဖော်ရေးအတွက် နိုင်ငံတော် ဘတ်ဂျက် သိန်း ၈၀၀ကျော် သုံးစွဲ ခဲ့ပြီး
ဇေကမ္ဘာ ဦးခင်ရွှေက လည်း အလှူငွေ သိန်းသုံးရာ လှူဒါန်းခဲ့ကြောင်း ၎င်း ကဆိုသည်။

မွန်ပြည်နယ်ရှေးဟောင်းယဉ်ကျေးမှု တူးဖော်မှု ၅ ခု အတွက် လျာထားဘတ်ဂျက် သိန်း ၈၀၀ သုံးစွဲထားပြီး အလှူခံရရှိငွေ သိန်း ၃၀၀ ကို ထိန်းသိမ်းစောင့်ရှောက်ရန် အဆောက်အဦ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဘီလင်းမြို့ရှိ ၀င်းကရှေးဟောင်းနယ်မြေ၊ ကျိုက်ထို မလွှချောင်ရှေးဟောင်းနယ်မြေ၊ ရေးမြို့ဟောင်း နှင့် သထုံ သုဝဏ္ဏဘူမိ ရှေးဟောင်နယ်မြေ စသည့် ရှေးဟောင်းတူးဖော်မှုလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ ထံမှ သိရှိရသည်။

Leave a Reply