Advertisements

မော်လမြိုင် မေ ၆

ကာလအတန်ကြာ လစ်လပ်နေသော မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး အဖြစ် အဖြစ်ဦးလှထွန်း ခန့်အပ်ရန် ပြည်နယ်လွှတ်တော် က သဘောတူကြောင်း မေလ ၆ ရက်တွင် ပြုလုပ်သော ကျင်းပသော လွှတ်တော်အစည်းအဝေး တွင်ဆုံးဖြတ်ခဲ့သည်။

ဦးလှထွန်း ကို မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး အဖြစ်ခန့်အပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က မေလ ၂ ရက်နေ့တွင် ကျင်းပသော လွှတ်တော်အစည်းအဝေး တွင်တင်သွင်းခဲ့ပြီး ယင်းကိစ္စကို ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ နှင့်အညီ တင်ပြဆွေးနွေးလိုသော ကိုယ်စားလှယ်များ ရှိပါက အမည်စရင်းတင်သွင်းနိုင်ကြောင်း မေလ ၃ ရက်ကပြုလုပ်သော အစည်းအဝေးတွင် ကြေညာခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လွှတ်တော် တွင်ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထား သောကိုယ်စားလှယ် မရှိသောကြောင့် ဦးလှထွန်းကို မွန်ပြည်နယ် လျှပ်စစ် ၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ်ခန့်အပ်ရန် လွှတ်တော် က သဘောတူကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ကြေညာခဲ့သည်။

ပြည်နယ်လွှတ်တော် ၏ သဘောတူညီမှုကို နိုင်ငံတော် သမ္မတ ထံတင်ဲပီး ဝန်ကြီးအဖြစ်ခန့်အပ်လွှာရ ရှိ လျှင် လွှတ်တော်တွင် ကတိသစ္စာပြုမည့် အစီစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

သတင်းဓာတ်ပုံ Dawei Watch

Written by Hinthar Media

Advertisements
<

Leave a Reply