( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့တွင် ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုနေပုံ )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ ။ ။ မွန်ပြည်နယ်လွှတ်တော် ၏ လွှတ်တော် လုပ်ငန်းဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ အစည်းအဝေး များကို မတ်လ ၁ ရက်နေ့ မှ ပြန်လည် ကျင်းပ သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြား သည်။

“ကျွန်မက လွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေတွေ ၊ အတည်ပြုထားတဲ့ ဥပဒေတွေနဲ့ ဒီငါးနှစ်မှာ လုပ်ခဲ့တဲ့ ဥပဒေ အားလုံးကို လေ့လာဖို့ အစည်းအဝေးခေါ် ထားတာဖြစ်တယ်၊ ဒါမှလည်း ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်” ၎င်းက ဆိုသည်။

( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့တွင် ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုနေပုံ )
( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့တွင် ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုနေပုံ )
ပထမအကြိမ် လွှတ်တော်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအားလုံးကို လေ့လာပြီးမှ လွှတ်တော်ရေး ရာကော်မတီ ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း၄င်းကပြောသည်။

ဒုတိယအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးအတွက် ရက်မသတ်မှတ်ရသေးကြောင်း ဒေါ်တင်အိက ဆက်လက် ပြောကြားသည်။

“တစ်ရက်နေ့မှာ အစည်းအဝေး တတ်ရမယ်လို့ ဖတ်စာပို့ထားတယ်၊ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ မသိရသေးဘူး၊ လွှတ်တော် ရေးရာကော်မတီ ဖွဲ့စည်းရန်အတွက် ညှိနှိုင်းကြမှာ ဖြစ်တယ်လို့ ထင်တယ်” ဟု ပြည်ခိုင်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ဆိုသည်။

လွှတ်တော်လုပ်ငန်းများ လေ့လာရေး အစည်းအဝေးတွင် ယခင်ငါးနှစ်အတွင်း ဆောင်ရွက်တာတွေကို ဆွေးနွေး တိုင်ပင်ကြမည် ဖြစ်ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေး (၁၄) ကြိမ်မြောက်အထိ လွှတ်တော်အစည်းအဝေးကျင်းပခဲ့ပြီး ဥပဒေ ၃၅ ခု၊ နည်းဥပဒေ ၁၅ ခု ကိုရေးဆွဲအတည်ပြုပြဌာန်း နိုင်ခဲ့ ကြောင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှတ်တမ်းများမှ သိရသည်။

Leave a Reply