မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ ။ ။ မွန်ပြည်နယ် လွှတ်တော် တွင်း ပြုလုပ်ရန်စီစဉ်ထားသော လွှတ်တော် ရှေ့လုပ်ငန်းစဉ်များ လေ့လာရေး အစည်း အဝေး ကို ရပ်နား ထားရကြောင်း ယင်းလွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ ကပြောကြားသည်။

အဆိုပါ အစည်းအဝေး ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တွင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ များ နှင့် ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၂၃ ရက် နေ့တွက် တို့တွေ့ဆုံမည် ဖြစ်သောကြောင့် ရပ်နားထား ရခြင်း ဖြစ်ကြောင်း ၎င်း ကထပ်လောင်း ပြောကြားသည်။

“ကျွန်မက လွှတ်တော် လုပ်ငန်းများ လေ့လာရေး အစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက် လုပ်ဖို့ စီစဉ်ခဲ့တယ်၊ နေပြည်တော် သွားရမှာ ဖြစ်လို့ အစည်းအဝေး လုပ်ရန်အတွက် စာကြမ်း ထုတ်ပြီးမှ ရပ်ဆိုင်းခဲ့ရတယ်၊ အဲဒီက ပြန်လာမှ အစည်းအဝေး ကျင်းပမယ့် ရက်ကို ပြန်သတ်မှတ်တော့ မယ်” ဟု၎င်းက ဆိုသည်။

ထို့နောက် လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော် လုပ်ငန်းစဉ်များနှင့် ဥပဒေများကို လေ့လာရန် တိုက်တွန်းထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Leave a Reply