(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်ဟောငး်များနှင့် ကိုယ်စားလှယ်အသစ်များ တွေ့ဆုံမှုပြုကြစဉ်)

မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ်သက်တမ်းတွင် အမျိုးသမီးလွှတ်တော်အမတ်များ ပါဝင်လာခြင်းသည် အမျိုးသမီးများအား ကိုယ်စားပြုမှုအရ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အားအောင်းလာစေမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်မှ လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့ ပိုပြီးဖြစ်စေချင်တာက လာမယ့် ပြည်နယ်အစိုးရ အဖွဲ့အစည်းထဲမှာ အမျိုးသမီးဝန်ကြီးတွေ ပါဝင်လာအောင် ဖွဲ့စည်းပေးနိုင်ရင် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးမှာ အမျိုးသမီးတွေ အတွက် လုပ်နိုင်ရင် ဝန်ကြီးနေရာအထိတောင်ရောက်နိုင်တယ်ဆိုတဲ့ အတွေးတွေ ရသွားစေချင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်ဟောငး်များနှင့် ကိုယ်စားလှယ်အသစ်များ တွေ့ဆုံမှုပြုကြစဉ်)
(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်ဟောငး်များနှင့် ကိုယ်စားလှယ်အသစ်များ တွေ့ဆုံမှုပြုကြစဉ်)
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနှင့် လွှတ်တော်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးများ အတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြာကြားသည်။

“ကျွန်မက တရားလွှတ်တော်ရှေ့နေပါ။ အရင်တုန်းက အမှုလိုက်ရင်လည်း အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးအတွက် လိုက်တာများတယ်။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍမှာ ဥပဒေပိုင်းတွေကို ပိုပြီးလုပ်သွားဖို့ ဆုံးဖြတ်ထားတယ်”ဟု ၎င်းမှ ထပ်မံပြောကြားသည်။

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် အမျိုးသား လွှတ်တော်အမတ်များသာရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်စတင်မည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် သက်တမ်းတွင် အမျိုးသမီး လွှတ်တော်ကိုယ်အမတ် သုံးဦး ပါဝင်လာမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

Leave a Reply