Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဂုဏ်သိက္ခာ ထိခိုက်အောင် Aung KOKO Lwin ဖေစ့်ဘုတ် အကောင့်နာမည်ဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာပေါ် ရေးသားခဲ့သည်ဟု ဆိုကာ ဇန်နဝါရီ ၆ရက်နေ့က သထုံမြို့မစခန်း၌ အမှုဖွင့်တိုင်ကြားခံခဲ့ရကြောင်း ကာယကံရှင် ဦးအောင်ကိုကိုလွင်က ဟင်္သာမီဒီယာကို ပြောသည်။

“ကျွန်တော့်ကို အမှုဖွင့်ထားတယ်။ ၆ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က ရဲစခန်းမှာခေါ်စစ်ဆေးတယ်။ ကိုယ်ရေးအကျဉ်းတွေယူတယ်။ ပြီးတော့ ခံဝန်နဲ့ ပြန်ထွက်လာခဲ့ရပါတယ်” လို့ ဦးအောင်ကိုကိုလွင်က ပြောသည်။

ဇန်နဝါရီ ၃ ရက်နေ့က သထုံမြို့တော်ခန်းမတွင် ပြုလုပ်သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲနှင့် ပတ်သက်၍ ဖေစ့်ဘုတ်စာမျက်နှာတွင် ဦးအောင်ကိုကိုလွင်က ဝေဖန်ရေးသားခဲ့သည့်အတွက် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

မြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့သူ ဦးစောကျော်မိုးက “လွန်ခဲ့တဲ့ တစ်နှစ်ကျော် တစ်နှစ်ခွဲလောက် တောက်လျှောက် မြို့နဲ့ ပတ်သက်လို့ မျက်နှာပျက်စရာ သတင်းတွေ အများကြီးထွက်ခဲ့တယ် ၊ ဆိုတော့ လွတ်လပ်ခွင့် ဝေဖန်ခွင့် သုံသပ်ခွင့်ဆိုတာ ရှိတယ် ၊ ဒါပေမဲ့ အပြုသဘော ဆိုရင် ပိုကောင်းမယ် ဆိုပြီးတော့ ဆုံးုဖြတ်ခဲ့တာဖြစ်တယ်”ဟု ပြောသည်။

အမှုဖွင့်တိုင်ကြားသူမှာ ပြီးခဲ့သည့်တစ်နှစ်ကလည်း ပုဒ်မ ၆၆(ဃ) ဖြင့် ဦးအောင်ကိုကိုလွင်ကို အမှုဖွင့်တိုင်ကြားခဲ့ဖူးပြီး ယခုအခါ မွန်ပြည်နယ်လွှတ်တော်၊တိုင်းရင်းသားလူမျိုးများရေးရာကော်မတီအဖွဲ့ဝင်အဖြစ်လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ၊ ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေသည့် နည်းလမ်းများ ဆောင်ရွက်ခဲ့သည်ဟု ဆိုကာ ဦးအောင်ကိုကိုလွင်ကို သထုံမြို့မစခန်း၌ (ပ)၆/၂၀၁၈ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၈(စ) ပုဒ်မ – ၁၀ ဖြင့် အမှုဖွင့်ထားသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply