မွန်ပြည်နယ်သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့ကျလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၁

 မွန်ပြည်နယ်တွင် ယခုနှစအတွင်  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ယမန်နှစ်ထက် လျော့နည်းကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန မွန်ပြည်နယ် ဒုတိယညွန်ကြားရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

ယမန်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခရီးသွား ဧည်သည် ၁၅ သိန်းကျော် ဝင်ရောက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၁၁ သိန်းကျော်သာ ဝင်ရောက်ထားကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

 “အခုချိန်မှာတော့ မနှစ်ကအလားတူကာလနဲ့နှိုင်းယှဉ်ရင် နည်းနည်းလေးနည်းမှာပေါ့ သို့သော်လည်း အာရှတိုက်ကပိုများလာတယ်” ဟု ၎င်းက ပြောသည်။

ထိုအခြေအနေကြောင့် လာမည့်ပွင့်လင်းခရီးသွားရာသီအတွက်  ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများလာစေရန် တရုတ်၊ဂျပန်၊ကိုရီးယားနိုင်ငံများကို အာရှဈေးကွက်အဆင့်မြှင့်တင်ခြင်းများကို Promotion ပေးပြီး ခရီးစဉ်အသစ်များဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဦးသန်းထွဋ်ခိုင်က ဆိုသည်။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် အစိုးရ ကိုယ်ဒေသမှာ ရှိနေတဲ့ သမိုင်းဝင်နေရာတွေ၊ ပြီးတော့ အဆောက်အဦးတွေကို ပြန်လည် ဖော်ထုတ်ဖို့ လိုတယ်”ဟု ဧည်လမ်းညွှန် ကိုအောင်မျိုးက ပြောဆိုသည်။

ပြည်နယ်အတွင်းသို့ အများဆုံး လာရောက်သော နိုင်ငံများတွင် ထိုင်း၊ ပြင်သစ်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နိုင်ငံတို့မှ လည်ပတ်ကြပြီး၊ ထိုင်းနိုင်ငံမူ အများဆုံး လာရောက်သည်။ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုမှ ခုနှစ်လအတွင်း ကန်ဒေါ်လာ ခြောက်သိန်းကျော် ရရှိထားကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

Written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.