မော်လမြိုင် ၊ ဇွန်

မွန်ပြည်နယ် အတွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁ရခုနှစ်မှ စတင်ကာ သိသိသာသာ ကျဆင်းလာကြောင်း မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချန်ထွန်းက ပြောသည်။

“ခရီးသွားလုပ်ငန်းက မြန်မာပြည်ရဲ့ အသက်ပဲပေါ့၊ အဲ့ဒီအသက်ဖြစ်တဲ့အတွက် ဒီခရီးသွားလုပ်ငန်း အောင်မြင်အောင်လုပ်ဖို့လိုတယ်။ အခုဆို ကျွန်တော်တို့ကနောက်ကျနေပြီလေ၊အရမ်းကို နောက်ကျနေပြီ”ဟု၎င်းကပြောသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည်ဝင်ရောက်မှုစာရင်းများအရ ၂၀၁၇ -၂၀၁၈ ခရီးသွားရာသီအတွင်းနိုင်ငံခြား ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၉၆၉၀၁ ဦး သာရှိကြောင်း ဦးချန်ထွန်းက ပြောကြားသည်။

၂၀၁၈ – ၂၀၁၉ ခရီးသွားရာသီတွင်မှု နိုင်ငံခြား ခရီးသွားဝင်ရောက်မှုမှာ ၇၉၀၄၂ ဦးရှိသောကြောင့် ယခင်နှစ် ခရီးသွား ရာသီကထက် ၁၇၈၅၉ဦး လျော့နည်းသွားကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာလည်း ၂၀၁၇ -၂၀၁၈ ခရီးသွားရာသီအတွင်းကျပ်သိန်းပေါင်း ၁၂၇၅၈.၉၈နှင့် ဒေါ်လာ ၅၈၆၂၁၀ ရှိခဲပြီး ၂၀၁၈ – ၂၀၁၉ ခရီးသွားရာသီတွင်မူ ကျပ်သိန်းပေါင်း၁၂၉၁၆ ဒေါ်လာ ၃၅၉၄၀၀ သာရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ
အသင်းထံမှ သိရှိရသည်။

လျှမ်းထက်

Leave a Reply