မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိနေရာအနှံအပြားမှ သဘာဝရှုခင်းဓာတ်ပုံ ပြိုင်ပွဲကိုကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်းပအိုဝ်းတိုင်းရင်းသားဝန်ကြီးဒေါ်စံဝင့်ခိုင် ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

“မွန်ပြည်နယ်အလှ ဓာတ်ပုံအလှ ပြိုင်ပွဲလုပ်ဖို့တော့ ရှိတယ်၊ လောလောဆယ်မှာကော်မတီဖွဲ့ဖို့ လုပ်နေတယ်၊ ပြိုင်ပွဲကိုဘယ်နေ့ လုပ်ဖြစ်မလဲမသိသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီကိုဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ ကော်မတီကနေဓာတ်ပုံပြိုင်ပွဲအတွက် စည်းကမ်းချက်များနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများကိုထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် ပြိုင်ပွဲကျင်းပမည့်ရက်ကိုဓာတ်ပုံပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ညှိနှိုင်းဆုံးဖြတ်သွားမည်ဖြစ်ပြီး၊ ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မွန်ပြည်နယ်အတွင်းရှိသဘာဝရှုခင်းများကိုသာ ပြသရမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောပြသည်။

အလှဓာတ်ပုံများကိုရွေးချယ်ပေးမည့် အကဲဖြတ်အဖွဲ့များကိုခေါ်ယူတွေ့ဆုံသွားမည်ဖြစ်ပြီး၊ ဆုကြေးများကို ပြည်သူထံကြေညာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Leave a Reply