Advertisements

မော်လမြိုင်၊ မေ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂ နှစ်တာလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများအပြီးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဟင်္သာမီဒီယာသို့ မေ ၃၁ ရက်နေ့က ပြောကြားသည်။

“မည်သူတစ်ဦးတစ်ယောက်မှ မပါ မရှိစေရဘူး။ အကုန်လုံးကို တစ်ပတ်ကြို ကြေညာပေးသွားမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

လက်ရှိဝန်ကြီးချုပ်တာဝန်ယူထားသည့် ကာလအတွင်း၌ ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားမှုနှင့် အကောင်အထည်မဖော်နိုင်သေးသည့် လုပ်ငန်းများနှင့် ပတ်သက်သည့်အခက်အခဲများကိုလည်း ယင်းသတင်းစာရှင်းလင်းပွဲ၌ ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဟင်္သာကို ပြောသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် အဆိုပါ သတင်းစာရှင်းလင်းပွဲကို လုပ်ဆောင်ပြီးဖြစ်သော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှာ မကျင်းပနိုင်သေးချေ။ ယင်းမှာ ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများနေ၍ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြေသည်။

Written by ခေတ်မင်း (ပျားအုံ)

Advertisements
<

Leave a Reply