မွန်ပြည်နယ်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ငွေ ၅၂၈၇၉၉၂၃၀ ကျပ်ကို တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှှူးကြီးဝင်းနိုင်ဦးက ပြောကြားသည်။

ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးလိုက်လံဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၃၂၇၃ ပြား၊ ဘိန်းဆီခဲ ၅ ဂရမ်၊ ခက်ပုံ ၅ ဒသမ ၅ ဂရမ်၊ ဆေးခြောက် ၂၆၁၄ ဒသမ ၅၈ ဂရမ်၊ ICE (ရေခဲ) ၁၃၇ ဒသမ ၂ ဂရမ်၊ ဘိန်းစာရွက် ၂၇၃၆ ဂရမ်၊အမှုပေါင်း ၂၈၆ မှုနှင့် တရားခံ  ၄၂၉ ဦးကို အမှုဖွင့် အရေးယူထားကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိအစိုးရ၏ တစ်နှစ်တာကာလအတွင်း ပြည်သူလူထုများနှင့် တွေ့ဆုံ၍ မှုခင်းကျဆင်းရေးအတွက် ပညာပေးဟောပြောမှုကို ၂၀၁၆ ခုနှစ်၌ ၇၂၃ ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် ၁၁၄ ကြိမ် ဆောင်ရွက်ထားရှိကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ရဲတပ်ဖွဲ့အင်အား ၁၅၉၉ ဦးရှိပြီး ပြည်နယ်အတွင်း လုံခြုံရေးနှင့် ရုံးတွင်း လုပ်ငန်းဆောင်ရွက်မှု အင်အား ၃၀ ရာခိုင်နှုန်းရှိပြီး တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိကာ ကျန်ရှိနေသည် ရဲတပ်ဖွဲ့အင်အား ၅၀ ရာခိုင်နှုန်းကိုလည်း အရန်အင်အားအဖြစ် စုဖွဲ့ထားရှိကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Written by – ခေတ်မင်း

Leave a Reply