Advertisements

မော်လမြိုင်၊ စက်တင်ဘာလ ၂၅
၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ က ငွေကျပ် ၁၀ သန်းကျော် အသုံးပြုရသော လုပ်ငန်း ၅ ခု ကို တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက ပြောကြားသည်။

စက်တင်ဘာလ ၁၉ ရက်က စတင်ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) အရအသုံးမှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနအချို့၏ ထူးခြားသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာ ကို တင်ပြရာတွင် ၎င်း ကယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လမ်းတစ်လမ်းကိုမှ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘူး ။ ဆောင်ရွက်ခြင်းမရှိတဲ့အပြင်ကို လမ်းတစ်လမ်းမှာ သုံးမဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ၂၀၁၇ – ၂၀၁၈ နောက်ဆုံးလမ်းဦးစီးတင်ဒါအောင်မြင်တဲ့ အောင်မြင်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူခွင့်ပြုရန်ကိုလည်းတင်ပြခဲ့ပြီး ခွင့်ပြုခဲ့ကြောင်း တွေ့ရှိရတယ် ” ဟု ဆိုသည်။

Advertisements
data-language="en"

တင်ဒါခေါ်ယူခဲ့ခြင်းမရှိသည့် လုပ်ငန်း၅ခုတွင် ရေးမြို့နယ်ရှိ အောင်သပြေ – နှစ်ကရင်လမ်းပိုင်း နှင့် ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီး ထန်းပင်ချောင်ကို တင်ဒါမခေါ်လဲ ကုမ္ပဏီများအား လုပ်ကိုင်စေပြီး သတုံမြို့နယ် ဝါးခုတ်တော – ဖားကုန်းလမ်း၊ ပေါ်တော်မူရွာတွင်းလမ်းကွင်းလမ်း နှင့် ပေါင်မြို့နယ် ကျွဲခြံ – အလှပ် လမ်းကို သက်ဆိုင်သည့်မြို့နယ်ကျေးလက်လမ်းဦးစီးများ လုပ်ကိုင်စေခဲ့သည်ဟု ဒေါ်သိန်းသိန်းဦးက ဆိုသည်။

ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်တွင် တည်ဆောက်မည့် အမှိုက်ဖျက်စီးတည်ဆောက်ခြင်းလုပ်ငန်းတွင် အစိုးရအဖွဲ့မှ ကျပ်သန်း ၄၀၀ကျော်တည်ဆောက်မည်ဟု ပါရှိသဖြင့် လွှတ်တော်မှ သိရှိထားသည့် အချက်နှင့် စာရင်းစစ်ချုပ်ဖော်ပြထားသည့် အချက်နှင့် လွဲနေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိင်ဦးက ဆိုသည်။

“ အစိုးရအဖွဲ့က ၂၄၂သန်းနဲ့ ဘုရားဂေါပက ရန်ပုံငွေ ၂၄၂သန်းဆိုပြီးတော့ ဖော်ပြထားပါတယ်။ ဒါကလွဲနေပြီးလို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘဏ္ဍာငွေလုပ်ထုံးလုပ်နည်းထဲမှာ ဘဏ္ဍာငွေဘတ်ဂျက် ဥပဒေထဲမှာ အတိအကျပါပါတယ်။ ငွေလုံးငွေစာရင်းအငယ်ထဲမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အမှိုက်ဖျက်စီးစက် သန်း၄၀၀ရာ အတိအကျဖော်ပြထားပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

ယင်းအပြင် စာရင်းချုပ်အခန်းကဏ္ဍသည် ဒီမိုကရေစီနိင်ငံအတွက် အရေးကြီးသည့် မဏ္ဍိပ်တစ်ခု အဖြစ်မသတ်မှတ်သော်လည်းပဲ မဏ္ဍိပ်တစ်ခုအဖြစ် လုပ်ကိုင်မှုများကို ထိန်းချုပ်ထိန်းကြောင်းပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။

ပြည်နယ်စာရင်းချုပ်၏ အစီခံရင်စာနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၂၄ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် ၂ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ခု ဆွေးနွေးခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၈ခုနှစ် ၆လတာ ပြည်နယ်ရန်ပုံငွေ ငွေလုံးငွေရင်းတွင် ရေးမြို့နယ်ရှိ အောင်သပြေ နှစ်ကရင်လမ်းကို ကျပ်သန်း ၈၇၅သန်းကျော်၊ ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီး ထန်းပင်ချောင်ကို ကျပ်သန်း ၄၆၄သန်းကျော်၊ သတုံမြို့နယ် ဝါးခုတ်တော – ဖားကုန်းလမ်းကို ကျပ်သန်း၁၇၈သန်း ၊ပေါ်တော်မူရွာတွင်းလမ်းကွင်းလမ်းကို ကျပ်သန်း ၈၄သန်းနှင့် ပေါင်မြို့နယ် ကျွဲခြံ – အလှပ်လမ်းကိုကျပ်သန်း ၁၉၆သန်းဖြင့် ခွင့်ပြုလုပ်ဆောင်ခဲ့သည်။

ရန်လင်းအောင်

Leave a Reply