မေလ ၃၁ ရက်နေ့ တွင်မွန်ပြည်နယ် အစိုးရအဖွဲ့ ရုံး ၌ ပြည်နယ် အစိုးရ ၏ ရက်ပေါင်း တစ်ရာ အတွင်း ဆောင် ရွက်မည့် လုပ်ငန်းစဉ် များ ကို ရှင်းလင်းပွဲပြုလုပ်ခဲ့သည် ။ မွန်ပြည်နယ် အစိုးရ အနေဖြင့် ဧပြီလ ၁ရက်နေ့ မှဇူလိုင်လ ၉ရက်နေ့အထိ ရက် ၁၀၀အတွင်း လုပ်ဆောင်မည့် လုပ်ငန်းကို ဖော်ပြလိုက်ရပါသည်။

logo-copy

(၁)မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့
ရေမြောင်းကြီးများကို ၄.၇ဖာလုံ တိုးချဲ့၊ ရေမြောင်းသွယ်များကို ၂မိုင်အထိတိုးချဲ့မည်။

(၂) လမ်းတံတားဦးစီးဋ္ဌာန
စစ်တောင်းတံတား၊ သံလွင်တံတား၊ ဘီးလင်းတံတား၊ အထ္ထရံတတား တို့ကို ပြန်လည်ပြုပြင်မည်။

(၃) မွန်ုပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဋ္ဌာန
မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့၊ ဝန်ထိမ်း အိမ်ရာ ၄ခန်းတွဲလေးထပ် ဆောက်လုပ်မည် ရန် တင်ဒါခေါ်ယူထားကာ ၊ ဆောက်လုပ်ပြီးစီးထားသည့်ဝန်ထမ်းအိမ်ရာများကို လူနေနိုင်ရန် ဆောင်ရွက်သွားမည်

(၄) အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန
မြို့နယ် ၁၀မြို့နယ်ရှိ ကျေးရွာ ၁၀ရွာကို ကျေးရွာမြေဌားဂရန် နှစ်သုံးဆယ် ဂရန် ထုတ်ပေးမည်။

(၅) မွန်ပြည်နယ်ရဲတပ်ဖွဲ့
မွန်ပြည်နယ် ၊ သထုံခရိုင်၊ မောင်လမြိုင်ခရိုင်တို့တွင် မှုခင်းကျဆင်းရေးအတွက်း အရှိန်တိုးမြင့်လုပ်ဆောင်မည်။ မွန် ပြည်နယ် အပိုင်းထဲရှိ နိုင်ငံရေးအမှုများဖြင့်အကျဉ်းကျနေသူများ အမှုရင်ဆိုင်နေရသူများကို ရုတ်သိမ်း ပေးနိုင်ရန် ဆောင်ရွက်မည်။ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ အသိပညာပေး ဟော ပြောပွဲများ မြို့နယ်တိုင်းတွင် ပြုလုပ်သွားမည်။

(၆) မွန်ပြည်နယ် ဖွံ့ဖြိုးမှူ ကြီးကြပ်ရေးရုံး
ပြည်နယ် အစိုးရ ဘတ်ဂျတ်ဖြင့် မြေလမ်း ၉မိုင် ၄ဖာလုံတိုးချဲ့ရန်၊ ကျောက်လမ်း ၁၇မိုင်၊ ကွန်ကရစ်လမ်း ၁၉စီး၊ တို့အတွက် တင်ဒါခေါ်ယူခြင်း၊ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့်
မြေလမ်း ၈မိုင် ၊ ကျောက်လမ်း ၄မိုင်၆ဖာလုံ၊ ကတရာလမ်း ၄မိုင် ၆ဖာလုံ ကွန်ကရစ် တံတား ၁၂စီး တို့ကို တင်ဒါခေါ်ယူသွားမည်။

(၇) မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
မွန်ပြည်နယ်အတွင်း တောင်ခွဲရုံ၆၆ကေဗွီ ဓာတ်အားလိုင်း စက်ရုံသစ် တည်ဆောက်မည်။ မွန်ပြည်နယ်

(၈) ပြည်နယ်ပညာရေးမှူးရုံး
ဆရာဆရာမများ ကို စွမ်းရည်မြင့်သင်တန်းများ၊ ရေးမြို့နယ်တွင် စာတတ်မြောက်ရေး သင်တန်းများ၊ ၊ နေ့စားလပေး ဆရာဆရာမများ စာမေးပွဲ များပြုလုပ်ခြင်း၊ ဆရာအတက်ပညာသင်တန်းများကို လည်း ဆောင်ရွက်သွားမည်။ကျောင်းများအဆောက်အဦးများ ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်ယူခြင်းများ ပြုလုပ်မည်။

(၉) မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဋ္ဌာန
သွေးတိုးရောဂါကျဆင်းရေး၊သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိုမ်နှင်းခြင်းလုပ်ငန်းများ၊အသိပညာပေးဟော ပြောပွဲများ၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးခြင်း၊ မွန်ပြည်နယ် ကုသရေးဦးစီးဋ္ဌာန ကုတင် ၅၀၀ ဆေးရုံ မော်လမြိုင် တွင်၊ ဆေးရုံးမှ တစ်ဆင့်ကူးဆက်ရောဂါများ မဖြစ်ပွားရန် ဆောင်ရွက်မည်၊ ဝန်ထမ်းများခေါ်ယူမည်၊ ဆေးရုံတက်ရောက်လာသည့် လူနာများကို မေးမြန်ကာ အခက်အခဲ များဖြေရှင်း နိုင်ရန်ဆောင်ရွက်မည်။

(၁၀) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာ
ရေပေးရေးလုပ်ငန်း စုစုပေါင်း ၄၀ခန့်လုပ်ဆောင်သွားမည်။ မွန်ပြည်နယ် မြို့နယ် ၁၀မြို့နယ် ရှိကျေးလက် လမ်းများ ၊ ကွန်ကရစ်တံတားများ ခင်းကျင်းသွားမည်။

(၁၁) အမျိုးသား မှတ်ပုံတင် နိုင်ငံသားဦးစီးဋ္ဌာန
ရွေ့ပြောင်းများကို အိမ်ထောင်စု စာရင်းထုတ်ပေးမည်၊ ကျောင်းဖွင့် ရာသီတွင် ကျောင်းသားကျောင်း သူများကို ၁၀ နှစ်ပြည့်မှတ်ပုံတင်များ ကျောင်းများတွင် ကွင်းဆင်း လုပ်ဆောင်ပေးမည်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ မှတ်ပုံတင်များကို စနစ်တကျ လုပ်ဆောင်ပေးမည်။

Leave a Reply