မွန်ပြည်နယ် ခရီးသွား လုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် ဟိုတယ် ဝန်ထမ်းများကို ဝန်ဆောင်မှု သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ( မော်လမြိုင်ဇုန်) ဥက္ကဌ ဦးချန်ထွန်းက ဟင်္သာမီဒီယာကို ပြောကြားသည်။

သင်တန်း ပို့ချရာတွင် ဟိုတယ်နှင့် တည်းခိုခန်း ဝန်ထမ်းများဖြစ်သော ဧည်ကြို ဝန်ထမ်း၊ အအိပ်ခန်း ဝန်ထမ်းများနှင့် အစားအသောက်ဝန်ထမ်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဟိုတယ် ဝန်ထမ်းတွေ သင်တန်းတက်ထားတော့ ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်မယ်၊ ဒါမှလည်း ခရီးသွား လုပ်ငန်းအတွက် အထောက်အကူ ဖြစ်မယ်”ဟု ၎င်း ဆိုသည်။

“ခရီးသွားလုပ်ငန်းနဲ ပတ်သက်ပြီးတော့ အကောင်းဆုံး နိုင်ငံခြားတွေကို ဈေးနှုန်းချိုချိုသာသာနဲ ပေးနိုင်ရင် နိုင်ငံတကာနဲ ခရီးသွားလုပ်ငန်းတွင် တခြားနိုင်ငံတွေနဲ ပိုမိုထိရောက်ပြီး ဖွံ့ဖြိုးတိုတက်လာမယ်ပေါ့” ဟု ၎င်းက ဆိုသည်။

သင်တန်းကို ဇွန်လ ၆ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး  တစ်လ တိတိ ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်တန်း ကြေးကို တစ်ဦးလျှင် ၃၀၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ သင်တန်းသား ဦးရေ သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

“သင်တန်း မတတ်ရသေးတဲ့ ဝန်ထမ်းနဲ့ သင်တန်း တတ်ပြီးသာ ဝန်ထမ်းနဲ့က မတူကြဘူး၊ သင်တန်းတက်ပြီးသာ ဝန်ထမ်းက ဝန်ဆောင်ကောင်းကောင်း ပေးနိုင်တယ်”ဟု ငွေမိုးဟိုတယ်ပိုင်ရှင် ဦးမိုးကျော်က ဆိုသည်။

အဆိုပါ သင်တန်းကို တက်ရောက်ခြင်းအားဖြင့် ဝန်ဆောင်မှုများအတွက် မရှိမဖြစ် လိုအပ်သော အခြေခံများ သိရှိလာနိုင်မည်ဖြစ်ပြီး၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတတ်လာနိုင်ကြောင်း ဦးချန်ထွန်းက ပြောဆိုသည်။

Written by -ခင်နန်းဌေး

Leave a Reply