Advertisements

မော်လမြိုင် ၊ ဧပြီ

ဧပြီ ၁၇ ရက် ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့က မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၈,၄၉၀ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာ တွင် မွန်ပြည်နယ်ရှိ အကျဉ်းထောင်/ စခန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူး အခါသမယအထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယင်းသို့ပြစ်ဒဏ်ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာချက်တွင် ဖော်ပြထားသည်။

သထုံအကျဉ်းထောင်မှ ကျား ၁၃ ဦး၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ကျား ၅၄ ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ကျား ၅၈ ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ ကျား ၁၁၆ ဦး၊ ကျိုက်ထိုမြို့နယ်ရှိ အင်္ဂပူကုန်ထုတ်စခန်းမှကျား ၉၄ ဦး၊ မုပ္ပလင်ကုန်ထုတ်စခန်းမှ ကျား ၄၆ ဦး၊ မ ၆၀ ဦး၊ ဘီးလင်းမြို့နယ်ရှိ တောင်စွန်း ကုန်ထုတ်စခန်းမှ ကျား ၄၂ ဦး၊ ကျိုက်မရော (မော်လမြိုင်) အကျဉ်းထောင်မှ ကျား ၁၀၄ ဦး၊ မ ၂ ဦး စုစုပေါင်း ၅၈၉ ဦးတို့ မှာ အထက်ပါလွတ်ငြိမ်းချမ်း သာခွင့်အရ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply