မွန်ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လယ်ယာမြေဥပဒေများ သိရှိနားလည်စေရန်ရည်ရွယ်ပြီး ကဲရ်မြန်မာမှယခုနှစ်တွင် မြေယာဥပဒေသင်တန်း ၁၄ ခု ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ကဲရ်မြန်မာမှ Technical Officer(Land) ဒေါ်ရီမွန်ထွေးက ပြောကြားသည်။

feild

“လယ်မြေဥပဒေ သိချင်တဲ့ လယ်ပိုင်ရှင်တွေ၊ ခြံပိုင်ရှင်တွေရှိတယ်၊ လယ်ပိုင်ရှင်တွေ၊ ပိုင်ရှင်ဖြစ်ဖို့ ပုံစံ ၇ မရှိရင် ပုံစံ ၇ ဘယ်လိုလုပ်ရမလဲဆိုတာ အသိပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းပေးတာပါ” ဟု ဒေါ်ရီမွန်ထွေးကဆိုသည်။

အဆိုပါ လယ်ယာမြေဥပဒေသင်တန်းများကို မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသူများအသင်းမှ ဆရာရှစ်ဦး သင်ကြားပေးနေကြောင်း ၎င်းက ပြောသည်။

“ဒီသင်တန်း တကယ်အကျိုးရှိပါတယ်၊ အရင်ကဆို ၂၀၁၂ လယ်ယာမြေဥပဒေအကြောင်း မသိကြဘူး၊ ပုံစံ ၇ ဆိုတာလည်း မသိကြဘူး၊ ခုဆိုသင်တန်းက ပို့ချတာတွေကြောင့် ကျေးလက်နေပြည်သူတွေ သိလာကြတယ်” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသူများအသင်းမှ သင်တန်းဆရာတစ်ဦးက ပြောသည်။

အဆိုပါ လယ်ယာမြေဥပဒေသင်တန်းကို ရေး၊ ဘီးလင်း၊ ပေါင်၊ ကျိုက်မရော၊ သထုံနှင့် ကျိုက်ထိုမြို့နယ်များတွင် သင်တန်းပို့ချပေးခဲ့ပြီး ကဲရ်မြန်မာမှ ငွေကြေးထောက်ပံ့ကာ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသူများအသင်းမှ ဆရာများက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply