မော်လမြိုင် ၊ မတ် ၁၅ ။ ။ မွန်ပြည်နယ်အတွင်း မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားမရှိသော မြေသြဇာများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းများ ပြုလုပ်ပါက မြေသြဇာပုဒ်မ (၃၁၊၃၂၊၃၄၊၃၅)တို့ဖြင့် အရေးယူမည် ဖြစ်ကြောင်း မြေသြဇာကော်မတီက ထုတ်ပြန်သည်။

မြေသြဇာကော်မတီတွင် မှတ်ပုံမတင်ထားသည့် မြေသြဇာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများ ပြည့်မီမှုမှာ အာမခံချက်မရှိဘဲ အဆိုပါမြေသြဇာများကို ဝယ်ယူသုံးစွဲမိပါက သီးနှံအထွက်နှုန်းများ ထိခိုက်၍ ဆုံးရှုံးနစ်နာမှုများဖြစ်နိုင်ကြောင်း မြေသြဇာကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော မှတ်ပုံတင်လက်မှတ်မရှိသော မြေသြဇာများ စာရင်းတွင်ပါဝင်သည့် Foliar Fertiliz(ယိုးဒယားစာ)(aos3) တံဆိပ်ဓာတ်မြေသြဇာကို မွန်ပြည်နယ်၊ကျိုက်မရောမြို့တွင်ရောင်းချလျက်ရှိကြောင်းပါရှိသည်။

မတ်လ ပထမပတ်အတွင်း မွန်ပြည်နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်များတွင် မြေသြဇာ အချိုးအစားသင့်တော်မှု ရှိမရှိကို မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးခဲ့ကြောင်း ဈေးကြို ရတနာထွန်းပွဲရုံတန်းရှိ မွန်ရာဇာ ဓာတ်မြေသြဇာဆိုင်ပိုင်ရှင်ကပြောကြားသည်။

ထို့ပြင် မြေသြဇာဆိုင်များကို မှတ်ပုံမတင်ထားသော မြေသြဇာများမရောင်းချရန် ညွှန်ကြားခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

“ ကုန်သည်တွေကကျတော့ ဖွင့်ကြည့်တာလည်းမဟုတ်၊စမ်းကြည့်တာလည်း မဟုတ်ဘူးဆိုတော့ လူတွေအများဆုံးမေးတဲ့ ပစ္စည်းဆိုရင်တော့ တင်ပေးရတယ်”ဟု ၎င်းက ဆိုသည်။

မြေသြဇာကော်မတီသည် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများကို စိုက်ပျိုးရေးလုပ်ကိုင်သူများ သုံးစွဲနိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများစနစ်တကျပြုလုပ်၍ မှတ်ပုံလက်မှတ်များ

ထုတ်ဝေပေးလျက်ရှိကြောင်း အဆိုပါကော်မတီထံမှသိရသည်။

Leave a Reply