မော်လမြိုင် သြဂုတ် ၁၆

မွန်ပြည်နယ်အတွင်း ရေကြီးမှုများကြောင့် ရေဘေးဒဏ်ခံစားနေရပြီး ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသော သူအရေ အတွက်မှာ သြဂုတ်လ ၁၄ ရက်နေ့ အထိ ၆၇၉၅ ဦး ရှိကြောင်း ပြည်နယ် သဘာဝဘေးအန္တာရာယ်စီမံခန်ခွဲမှုဦးစီးဌာနထံမှ သိရှိရသည်။

ရေးကြီးရေလျှံမှုများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသော သူအရေအတွက်မှာ မော်လမြိုင်မြို့ တွင် ၅၈၀ဦး၊ ကျိုက်မရောမြို့နယ်တွင်၂၃၇၈ ဦး၊ ရေးမြို့နယ်တွင်၂၆၄၅ ဦး၊ သထုံမြိုနယ်တွင် ၆၄၁ ဦး၊ ဘီးလင်းမြိုနယ်တွင် ၅၉၁ ဦး ရှိကြောင်း အဆိုပါ ဌာန ကတာဝန်ရှိသူများကဆိုသည်။

“တချို့တွေကျတော့လည်း ကယ်ဆယ်ရေးစခန်းကို မသွားပဲ အိမ်မှာနေတဲ့ သူတွေလည်းရှိတယ် ကယ်ဆယ်ရေး စခန်းကိုမလာကြပဲနဲ့ ပေါ့” ဟု ပြည်နယ်သဘာဝဘေအန္တာရာယ်စီမံခန်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှု ဒေါ် တင်ဝင်းမော်ကဆိုသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံဃာတော်တစ်ပါပျံတော်မှုခဲ့ပြီး၊ ကျိုက်မရောမြို့နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူတစ်ဦးရှိကာ ရေးမြို့နယ် မကျီးကျေးရွာတွင်သေဆုံးသူတစ်ဦး၊ သံဖြူဇရပ်မြို့နယ်တွင် သေဆုံးသူနှစ်ဦးရှိကြောင်း ၎င်းကဆိုသည်။

“ ၉ ရက်နေ့ကနေ စပြီးတော့ပေါ့ ဆေးရုံမှာရှိတဲ့လူနာတွေ ဒဏ်ရာရရှိတဲ့လူနာတွေ ထောက်ပံ့ပေးတယ် ရေး အပေါင် ကျိုက်မရောထိ ကွင်းဆင်းလေ့လာပြီးတော့ ပျက်ဆီးဆုံးရုံးမှုအခြေနေလေးတွေ အလှူငွေတွေလဲပေး အပ်ခဲ့တယ် သဘာဝဘေးအန္တာရယ်နဲ့ပတ်သပ်ပြီးတော့အစိုးရ ဌာနဆိုင်ရာတွေဘတ်ကလဲ ပိုပြီးတော့အားကောင်းလာတယ်။”ဟု ဒေါ်တင်ဝင်းမော်က ထပ်လောင်းပြောကြားသည်။

မော်လမြိုင်မြို အထွေထွေအုပ်ချုပ်ရေးရုံးတွင် ဟသာၤခန်းမတွင် ဘေးအန္တာရယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက် တလောရေဘေးသင့်ပြည်သူများတွင်ကွပ်ကဲရေးရုံးဖွင့်လှစ်ထားပြီး ဆောင်ရွက်နေကြောင်းသိရသည်။

စိုင်းထွန်းစံ

Leave a Reply