မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၉ ။ ။ မွန်ပြည်နယ်အတွင်း ရေပြတ်လတ်မှုကြံုတွေ့သည့် ကျေးရွာများကို မီးသတ်ယာဉ်များဖြင့် ရေပေးဝေ သွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်လွင် က ဟင်္သာမီဒီယာ သို့ပြောသည်။

“ရေရှားပါးတဲ့နေရာတွေမှာ ဆင်းကြည့်ပြီး အဲ့ဒီနေရာက အုပ်ချူပ်ရေးမှူးနဲ့ တိုင်ပင်မယ် တစ်ယောက်ဘယ် လောက် ထည့်ရမယ်၊ရေသန့်ကို မီးသတ်ကားနဲ့တင်ပြီး တစ်ယောက်ကို ဘယ် နှစ်ဂါလံ ထမင်းဟင်းချက်ဖို့ လုံလောက်တဲ့အထိ၊ ကလေးဆို နှစ်ဂါလံ၊ လူကြီးဆို သုံးဂါလံ ၊ မျှပြီးတော့ ပေးဖို့ရှိ တယ်၊ ပုဂ္ဂလိက ရေလုပ် သားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်”ဟု ဦးအောင်လွင် ပြောသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀မြို့နယ်အတွင်း ရေရှားပါးမှု ကြံံုတွေ့လာပါက သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးများသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာပါက ရေများဖြန့်ဝေပေးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

တစ်နှစ်အတွင်း ရေတွင်းပေါင်း ၂၀၀ကျော်ကို ကျပ်သန်းပေါင်း ၁၁၆၆ ဒသမ ၉၄ သန်းခန့် အကုန်ကျခံ တူးဖော် ပေးထားကြောင်း မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဟင်္သာမီဒီယာသို့ပြောသည်။

မွန်ပြည်နယ် မြို့နယ် (၁၀)မြို့နယ်ရှိ ကျေးရွာ ၁၃၉ ရွာတွင် သောက်သုံးရေတွင်း စုစုပေါင်း ၂၁၄ တွင်း
တူးဖော် ထားကြောင်း ယင်း ဦးစီးဌာန စာရင်းများအရသိသည်။

လာမည့် နွေရာသီတွင် အယ်နီညိုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် အလွန်ပူပြင်းခြောက်သွေ့ကာ မိုးခေါင်
ရေရှားပါးမှုများ ကြံုတွေ့နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒပညာရှင်များကပြောသည်။

Leave a Reply