မွန်ပြည်နယ်အတွင်း ရောင်းချ အသုံးပြုလျက်ရှိသော စားသုံးဆီ ၂၁ မျိုးကို စားသုံးရန် သင့်မသင့် စစ်ဆေးရန် နေပြည်တော်ရှိ ဓာတ်ခွဲခန်းသို့ပို့ဆောင်ထားကြောင်း မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အစားအသောက်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်ကပြောသည်။

00---IMG_2090 copy

ထိုင်းနိုင်ငံမှ တင်သွင်းသော ဆီများအပါအဝင် မွန်ပြည်နယ်အတွင်း ရောင်းချလျက်ရှိသော ဆီ ၂၁ မျိုးကို အနည်းဆုံး တစ်လီတာဘူးဖြင့်ဝယ်ယူ၍ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဓာတ်ခွဲခန်းမရှိသည့်အတွက် နေပြည်တော်သို့ပို့ဆောင်ထားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
အဆိုပါ ဆီများတွင် မှို ပါဝင်ခြင်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်ကြောင်း ၎င်း ကထပ်လောင်း ပြောကြားသည်။

ဈေးကွက်အတွင်းရောင်းချနေသော ဆီများကို အဓိက စစ်ဆေးခြင်းဖြစ်ပြီး မည်သို့ဆက်လက် လုပ်ဆောင် မည်ကို ဗဟိုမှ ပြန်လည်၍ ညွှန်ကြားစာမရောက်ရှိသေးကြောင်း ၎င်းကရှင်းပြသည်။

“နေပြည်တော် Lab(ဓာတ်ခွဲခန်း)ကပဲအကြောင်းပြန်ပြီးတော့ ညွှန်ကြားစာကို စီးပွားကူးသန်းကိုပို့မလား။ ဒါမှမဟုတ် Local (ပြည်တွင်း) ကုမ္ပဏီဖြစ်မလား၊ ပြည်တွင်းကလည်းတွေ့တာလည်းဖြစ်နိုင်တယ်ပေါ့၊ အဲဒီအ ပေါ်မှာ မူတည် ပြီးတော့action (အရေးယူ)ကလုပ်မှာ”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်က ဆိုသည်။

ယခင်က အခြားပြည်နယ်များတွင် စားသုံးဆီများစစ်ဆေးရာမှ ယခုအခါမွန်ပြည်နယ် တွင်ပါစစ်ဆေးလာခြင်းမှာ ကောင်းမွန်ကာ ဆီရောင်းချသူများကလည်း မကောင်းမွန်သည့်ဆီများကို မရောင်းချသင့်ကြောင်း မွန်ပြည်နယ်၊ စက်မှုလက်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလှရှိန်ကေ ပြာကြားသည်။

“ကုန်စုံဆိုင်တွေ အခြားဆီရောင်းတဲ့ဆိုင်တွေမှာလည်း မကောင်းတဲ့ စားသုံးဆီတွေ မရောင်းသင့်ဘူး ။ လူလတ်တန်းစားတွေက အဲ့ဆီတွေ စားတာကတော့ ရောဂါဖြစ်တာများတယ်”ဟု ၎င်းက ဆိုသည်။

စားသုံးဆီများကို စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသောအမှတ်တံဆိပ်များကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးဆီများကို ပြည်တွင်းတွင်ထုတ်လုပ်သည်များရှိသလို နယ်စပ်မှ တစ်ဆင့်တင်သွင်းချနေခြင်းလည်းရှိကြောင်း မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက် ဌာနခွဲထံမှ သိရသည်။

စားသုံးဆီများ တွင် မှိုပါဝင် ပါက အသည်းရောင် အသားဝါ ဘီပိုး ၊စီပိုး အစရှိသည့် အသည်း ရော ဂါများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန် ရှိအသည်း အထူး ကုဆရာဝန်များ က ပြောကြားသည်။

မွန်ပြည်နယ် သည် မြန်မာနိင်ငံအတွင်းအသည်းရောင် အသားဝါ ရောဂါပိုးများ ဖြစ်ပွားမှု မြင့်တက်သော ဒေသတစ်ခု လည်း ဖြစ်သည်။

Leave a Reply