မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ်အတွင်းမီးအားလျော့နည်းခြင်း၊ ဓာတ်အားပြက်တောက်ခြင်းစသည့် ပြဿနာများကိုမရှိစေရန်
လျှပ်စစ်မီးကြိုးများတိုးချဲ့သွယ်တန်းမည်ဖြစ်ကြောင်းမွန်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြူန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်အင်ဂျင်နီယာဦးသက်ပိုင်မျိုး က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

lamp-car

လက်ရှိမွန်ပြည်နယ်အတွင်းတပ်ဆင်သွယ်တန်းထားသော မီးကြိုးများမှာ ၃၅မီလီမီတာသာ ရှိသည့်အတွက်
ကြောင့် ၉၅မီလီမီတာ ရှိသည့် မီးကြိုးကြီးများကိုပြောင်းလဲတိုးချဲ့ သွယ်တန်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

“ဒီလိုလုပ်တာကဓာတ်အားပြတ်တောက်မှုအကြိမ်ကြိမ်ကျဆင်းသွားနိုင်တာပေါ့။ အရင်တုန်းကမဂ္ဂါဝပ် မပါတဲ့ ကြိုးတွေနဲ့ တွယ်ထားတဲ့ အခါကျ၊ ကြိုးတွေသေးငယ်လို့ မီးအားမနိုင်ရင်ပြတ်တောက်မှုတွေဖြစ်တယ်၊လိုင်းခဏခဏပြတ်တယ်၊ဆိုရင်မီးလည်ခဏခဏပျက်တာပေါ။

ဒါတွေကိုပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် ဓာတ်အားပြတ်တောက်မှု အကြိမ်ကြိမ်ကျဆင်းသွားပြီးတော့ မီးအားပြည့်ပြည့်ဝဝရရှိသွားမှာပေါ့”ဟု၎င်းကဆိုသည်။

မော်လမြိုင်ခရိုင်တွင် ၁၁ ကေဗွီလိုင်း ၂၂ ဒသမ ၇၄ မိုင်နှင့် ဝ ဒသမ ၃ ဗွီလိုင်း ၂၁ ဒသမ ၄၇ မိုင်ဖြစ်ပြီးသထုံခရိုင်မှာလည်း ၁၁ ကေဗွီလိုင်း ၄ ဒသမ ၂၉ မိုင်နှင့် ဝ ဒသမ ၃ ဗွီလိုင်း ၁၅ ဒသမ ၁၇ မိုင်တို့ဖြင့် တပ်ဆင်သွားမည်ဖြစ်ကြောင်း ပြည်နယ်အင်ဂျင်နီယာရုံးမှ သိရသည်။

ထို့အပြင် မော်လမြိုင်ခရိုင်အတွင်းထရန်စဖော်မာ ၃၃ လုံး၊ သထုံခရိုင်ဘက်တွင် ထရန်စဖော်မာ ၂၄ လုံးကိုလည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ကိုယ့်မှာမီးအားကတကယ်တမ်းရမှာမီးအား ၃၀ ဗို့ မရောက်ဘူးတချို့က ၁၅၀ ရောက်တာရှိတယ် ၁၇၀ လောက်ရောက်တာရှိတယ်။ တချို့ကမီးအားမပြည့်ဘူး၊ဒါတွေပြင်ပြီးသွားလို့ရှိရင် မီးအားတွေတက်လာမယ်။ လျှပ်စစ်ကေဗွီသုံးစွဲတဲ့ အခါကျတော့ သက်တမ်းကြာရှည်ခံတာပေါ့။ ဓာတ်အားဖြူန့်ဖြူးရေးစနစ်ကောင်းအောင် အဓိကလုပ်တာပါ”ဟုဦးသက်ပိုင်မျိုး က ဆိုသည်။

ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းအဆိုပါ လုပ်ဆောင်မည့်လုပ်ငန်းများကိုဘတ်ဂျက်၄ ဒသမ ၂၁၆ ဘီလီယံကျပ်ကိုအသုံးပြုမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးတပ်ဆင်မည်ဖြစ်ကြောင်းယင်းဌာနထံမှ သိရသည်။

Leave a Reply