မော်လမြိုင်၊ မေ၂၀

မွန်ပြည်နယ်၊ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း(မူကြမ်း) မိတ်ဆက်ရှင်းလင်းပွဲကို မေလ၂၀ရက်နေ့တွင် မော်လမြိုင် ငွေမိုးဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေးဆွဲပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းအခြေအနေတစ်ရပ်ကို ဌာနဆိုင်ရာများ၊ အများပြည် သူများနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ သိရှိစေရန်နှင့် ၎င်းတို့အကြုံပြုချက်များ ရရှိရန်အတွက် ကျင်းပပြုခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပြည်နယ်ပညာရေးမှူးဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းတွင် ဒေသဆိုင်သမိုင်းများ၊ရိုးရာယဉ်ကျေးမှုများ၊နေရာဒေသကြောင်းနှင့် ဒေသထွက်ကုန် စီးပွားရေး စသည့်နယ်ပယ်၄ရပ်ဖြင့် အခြေပြု ထားကြောင်း ဒေါက်တာ ဒေါ်ချိုချိုမြင့် အောင်ကပြောသည်။

၂၀၁၉ – ၂၀ပညာသင်နှစ်တွင် level1 (Grade1)စတင် သင်ကြားပေးနိုင်အတွက် ကြိုးစားနေပြီး မူလတန်းအထိ သင်ကြားမည်ဖြစ်ပြီး အလယ်တန်း၊အထက်တန်းသင်ကြားနိုင်ရန် ဆက်လက်သင်ကြားရန် ကြိုးစားကြောင်း ၎င်းကဆိုသည်။

“မိတ်ဆက်ပွဲ ပြီးလို့ ပြင်ဆင်ဖို့အနည်းငယ်ကို ပြင်ဆင်ပြီးရင်တော့ အချောဖြစ်ရင် သင်ကြားဖို့ ဆရာ၊ ဆရာမတွေ ကို သင်တန်းပေးပြီးရင်တော့ ကလေးတွေကို စတင်သင်ကြားပေးပါမယ်ရှင်၊Level1ကိုတော့ လာမဲ့ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွင်းမှာ သင်ကြားနိုင်ဖို့ကြိုးစားနေတယ်”ဟု ပြောသည်။

တစ်ပတ်၅ကြိမ်ကို တိုင်းရင်းသာဘာစကားသင်ကြားချိန်နှင့် ဒေသဆိုင်ရာသိမှတ်ဖွယ်ရာများကို မျှသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာသင်ရိုးညွှန်းတန်းကို သင်ကြားခြင်းဖြင့် ကလေးများက ဘာသာစကားတစ်ခုခုကို တက်မြောက် ထားမည်ဖြစ်ပြီး ရေမြေတောတောင် ချစ်တက်စိတ် သမိုင်းကြောင်းသိရှိ ထားခြင်းကြောင့် မိမိ၏ရပ်တည်မှု ပိုမိုခိုင်မာလာပြီး မိမိဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားလာကြမည်ဟု ပြည်နယ်ပညာရေးမှူးကဆိုသည်။

ကျောင်းသင်ရိုးတွင် မပါဝင်သည့် ဒေသဘာသာစကားကို တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ ပါဝင် ရေးဆွဲထားခြင်းဖြစ်ကြောင်း မွန်တိုင်းရင်းဘာသာစကားရေးဆွဲရေးကော်မတီ အဖွဲ့ နိုင်အောင်မောင်းက ပြောသည်။

အဆိုပါ သင်ရိုးကို ၂၀၁၈ ဇူလှိုင်လပြီးစတင်ရေးဆွဲခဲ့ပြီး ပညာရေး ဥပဒေအရ သက်ဆိုင်ရာသင်ရိုးကို သက်ဆိုင်သည့် ပြည်နယ် အစိုးရအနေဖြင့် ပညာရေးဌာနနှင့် ပူးပေါင်း ရေးဆွဲ အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်အရ ရေးဆွဲရခြင်းဖြစ်ကြောင်း မွန်ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း ရေးကော်မတီတွဲဖက် အတွင်းရေးမှူး မွန်ပြည်နယ်လွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးတင့်က ရှင်းပြသည်။

ဒေသဆိုင်ရာသင်ရိုးညွှန်တမ်း(မူကြမ်း)မိတ်ဆက်ရှင်းလင်းပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply