ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

၂၀၂၀ ဩဂုတ် ပထမပတ်တွင် မွန်ပြည်နယ်၌ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ သထုံ မြသပိတ်တောင်တက်ကားလမ်း၊ ပေါင်မြို့ မင်္ဂလာဈေး၊ သံဖြူဇရပ် ရပ်ကွက်အချို့မှာ မတော်တဆဖြစ်စဉ် အနည်းငယ် ဖြစ်ပွားခဲ့သည်။

၂၀၂၀ ဩဂုတ် ၂ – မော်လမြိုင်-သံဖြူဇရပ်ကားလမ်း တောင်ကျရေကြောင့် ပိတ်ဆို့

၂၀၂၀ ဩဂုတ် ၃ – သထုံ မြသပိတ်တောင်တက်ကားလမ်း မြေသားနံရံ ပြိုကျ

၂၀၂၀ ဩဂုတ် ၄ – ပေါင်မြို့ မင်္ဂလာဈေးအတွင်း ဆိုင်ခန်းမီးလောင်

၂၀၂၀ ဩဂုတ် ၄ – သံဖြူဇရပ် ရပ်ကွက်အချို့ ရေဝင်

သတင်းများ အသေးစိတ်မှာ

မော်လမြိုင်-သံဖြူဇရပ်ကားလမ်း တောင်ကျချောင်းရေကြောင့် လမ်းပိတ်ဆို့

ဩဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီခန့်က သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျချောင်းရေများ စီးဆင်းလာရာမှ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လမ်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် ပြီးစီးခဲ့သည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

သထုံ မြသပိတ်ဘုရားတောင်တက်ကားလမ်းပေါ် မြေသားနံရံ ပြိုကျ

ဩဂုတ် ၃ ရက် ညနေ ၄ နာရီခန့်က သထုံမြို့နယ် မြသပိတ်ဘုရားတောင်တက်ကားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းဘေးရှိ မြေသားနံရံများ မြေအိပြီး ကားလမ်းမပေါ် ပြိုကျမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

သထုံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

ကားလမ်းပိတ်ဆို့ နေသည့် မြေသားများနှင့် အပင်များကို ရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။ လူထိခိုက်ဒဏ်ရာရမှုမရှိ။

 

ပေါင်မြို့မင်္ဂလာဈေးအတွင်း ဆိုင်ခန်းမီးလောင်

ဩဂုတ် ၄ ရက် ည ၉ နာရီခန့်က ပေါင်မြို့နယ် ကဒါရပ်ကွက် မင်္ဂလာဈေးအတွင်းရှိ ပိုင်ရှင် ဒေါ်ကာလီမား(ခ)ဒေါ်လွင်လွင်အောင်၏ အုတ်ကြွပ်မိုး၊ သံဇကာ(အထည်ဆိုင်) ဆိုင်ခန်းတွင် ဘုရားစင်၌ အမွှေးတိုင်မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

ပေါင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅စီး ရေဂါလန် ၅၆၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

မီးလောင်မှုကြောင့် ဆိုင်ခန်း(၄)ခန်း၊ အဝတ်အထည်များ၊ ကုန်စုံပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ကို ပေါင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

 

သံဖြူဇရပ် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်

ဩဂုတ် ၄ ရက် ည ၇ နာရီခန့်က သံဖြူဇရပ်မြို့နယ်တွင် မိုးသည်းထန်မှုကြောင့် ကျောင်းပိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ဖောင်စိန်ရပ်ကွက် မြေနိမ့်ပိုင်း နေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့်

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျောင်းပိုင်း ရပ်ကွက်ရှိ အိမ်ထောင်စု(၂၅)စုကို ရေလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ယာဉ်ကြောရှင်းလင်းပေး ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပြီး

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီးဌာန

ည ဆယ်နာရီခန့်တွင် ရေပြန်ကျသွားခဲ့ပါသည်။ ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိ။

 

ကိုးကား – ပြည်ထဲရေးဝန်ကြီးဌာန ဆိုရှယ်မီဒီယာ

ဓာတ်ပုံများ – ပြည်ထဲရေးဝန်ကြီးဌာန

 

Leave a Reply