အစိုးရ ထိန်းသိမ်း နယ်မြေ အတွင်း ဝင်ရောက် ကျူးကျော် စိုက်ပျိုး သူများ ထဲတွင် မုဒုံ မြို့နယ်မှ အများဆုံး ဖြစ်ကာ ၂၆၃၃ ဦး ကျူးကျော် စိုက်ပျိုး ထားကြသည်။
အစိုးရ ထိန်းသိမ်း နယ်မြေ အတွင်း ဝင်ရောက် ကျူးကျော် စိုက်ပျိုး သူများ ထဲတွင် မုဒုံ မြို့နယ်မှ အများဆုံး ဖြစ်ကာ ၂၆၃၃ ဦး ကျူးကျော် စိုက်ပျိုး ထားကြသည်။
အစိုးရ ထိန်းသိမ်း နယ်မြေ အတွင်း ဝင်ရောက် ကျူးကျော် စိုက်ပျိုး သူများ ထဲတွင် မုဒုံ မြို့နယ်မှ အများဆုံး ဖြစ်ကာ ၂၆၃၃ ဦး ကျူးကျော် စိုက်ပျိုး ထားကြသည်။

မော်လမြိုင်၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်တွင် သစ်တော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ အတွင်း ဝင်ရောက် ကျူးကျော် လုပ်ကိုင်နေသူ ၅၉၀၀ ဦးရှိကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

ယင်းဝင်ရောက် ကျူးကျော် လုပ်ကိုင်သူ ၅၉၀၀ ဦးသည် ခွင့်ပြုချက် မရယူဘဲ မြေဧရိယာ ၃၆၉၃၃ ဒသမ ၉၇ ဧကကို ရော်ဘာပင်များ ကျူးကျော် စိုက်ပျိုး ခဲ့ကြသဖြင့် မြေဧရိယာ တစ်ဧကလျှင် ၅၀၀၀ ကျပ်စီဖြင့် ဒဏ်ငွေ ရိုက်ထား ကြောင်းလည်း ၎င်းက ပြောကြားသည်။

“သူတို့တွေက ခွင့်ပြုချက် မရရှိဘဲ ဝင်ရောက် ကျူးကျော် လုပ်ကိုင်တဲ့အတွက် ကျွန်တော်တို့က ဒဏ်ရိုက် ထားတာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။
ဒဏ်ငွေ ရိုက်ခံရသူ များထဲတွင် မော်လမြိုင် မြို့နယ်မှ ၃၀ ဦး၊ ကျိုက်မရော မြို့နယ်မှ ၁၇၄၀ ဦး၊ မုဒုံ မြို့နယ်မှ ၂၆၃၃ ဦး၊ သံဖြူဇရပ် မြို့နယ်မှ ၁၂၆ ဦး၊ ရေးမြို့နယ်မှ ၉၃ ဦး၊ ကျိုက်ထို မြို့နယ်မှ ၅၆ ဦး၊ ဘီးလင်း မြို့နယ်မှ ၁၂၉ ဦး၊ သထုံ မြို့နယ်မှ ၄၈၁ ဦးနှင့် ပေါင်မြို့နယ်မှ ၆၁၃ ဦးတို့ ဖြစ်သည်။

လက်ရှိတွင် ဝင်ရောက် ကျူးကျော် လုပ်ကိုင်သူများကို လုပ်ကိုင်ခွင့် ရရှိနိုင်ရေးအတွက် နှစ် ၃၀ မြေဌား ဂရန် လျှောက်ခိုင်း ထားပြီး၊ လုပ်ပိုင်ခွင့် များကို ချထား ပေးကြောင်း ၎င်းက ပြောကြားသည်။

လုပ်ကိုင်ခွင့် ရရှိသူများ အနေဖြင့် စာချုပ်ပါ စည်းကမ်း ၁၇ ချက်ကို လိုက်နာ ရမ ည်ဖြစ်ပြီး၊ စည်းကမ်းများ အရ တစ်ဧကအား လုပ်ငန်း လုပ်ဆောင် ပြီးတိုင်း သစ်မာ အပင် ၄၀ ပြန်လည် စိုက်ပျိုး ပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလားတူ ကျောက်မိုင်း လုပ်ငန်း လုပ်ဆောင်သူများ အနေဖြင့်လည်း တစ်ဧက လုပ်ငန်း လုပ်ဆောင် ပြီးတိုင်း သစ်မာ အပင် ၄၀ ကို ပြန်လည် စိုက်ပျိုး ခိုင်းထားပြီး၊ စိုက်ပျိုးခြင်း ရှိမရှိကို တစ်နှစ်တစ်ခါ စစ်ဆေးမည် ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

“ကျွန်တော်တို့ စာချုပ်ပါ စည်းကမ်းချက် အတိုင်း ၂၀ ရာခိုင်နှုန်းကို အပင် စိုက်ပျိုး ပေးရမှာ ဖြစ်တယ်၊ လောလော ဆယ်မှာတော့ သစ်မာ အပင် ၈၀၀၀ နဲ့ ဘာလီဘာ အမြစ် တစ်သိန်းကို ပြန်လည် စိုက်ပျိုး ပေးထားတယ်”ဟု Long Life Aggregate Mining ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ မွန်ပြည်နယ်ရှိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေအတွင်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိထားသူ ၃၈၇၂ ဦးရှိပြီး၊ လုပ်ကိုင်ခွင့် မြေဧက ၁၈၂၆၁ ကို လုပ်ကိုင်ခွင့် ပေးအပ် ထားကြောင်း မွန်ပြည်နယ် သစ်တော ဦးစီးဌာန စာရင်းများအရ သိရသည်။

ဇော်ထိုက်

Leave a Reply