ထိုစစ်တမ်းကို ကောက်ယူခြင်း အားဖြင့် မွန်ပြည်နယ် အတွင်းရှိ လုပ်သား အင်အား ဦးရေ၊ အလုပ်လက်ရှိ ဦးရေ၊ အလုပ်လက်မဲ့ ဦးရေ၊ အလုပ် တစ်ဝက်တစ်ပျက်ရှိသူ ဦးရေ ၊ လုပ်သားအင်အား အပြည့်အဝအသုံး မချနိုင်မှု အခြေအနေ စသည့် အလုပ်သမား အင်အား ရေးရာ စာရင်းအင်း များကို ရရှိမည် ဖြစ်သည်။

မော်လမြိုင်၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ် အတွင်းရှိ အလုပ် လုပ်နိုင်သူ ဦးရေ၊ အလုပ်လက်ရှိ ၊ အလုပ်လက်မဲ့ စာရင်းရရှိရန် အတွက် စစ်တမ်း ကောက်ယူမှု တစ်ရပ်ကို ယခုလ ဇန်နဝါရီ (၁) ရက်နေ့မှ စတင်၍ ပြုလုပ်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ နိုင်ငံတော်က ကျွန်မတို့ကို အလုပ်လက်ရှိ၊ လက်မဲ့ စာရင်းတွေကို တွက်ချက် ခိုင်းတာ ရှိတယ်၊ ဒီစာရင်းကို သူတို့ တွက်ခိုင်းရင် ကျွန်မတို့မှာ အဆင်သင့် ရှိရအောင်လို့ ဒါတွေကို လုပ်နေ တာပါ” ဟု ဒေါ်မြတ်မြတ်ထွေးက ဆိုသည်။

ထိုစစ်တမ်းကို ကောက်ယူခြင်း အားဖြင့် မွန်ပြည်နယ် အတွင်းရှိ လုပ်သား အင်အား ဦးရေ၊ အလုပ်လက်ရှိ ဦးရေ၊ အလုပ်လက်မဲ့ ဦးရေ၊ အလုပ် တစ်ဝက်တစ်ပျက်ရှိသူ ဦးရေ ၊ လုပ်သားအင်အား အပြည့်အဝအသုံး မချနိုင်မှု အခြေအနေ စသည့် အလုပ်သမား အင်အား ရေးရာ စာရင်းအင်း များကို ရရှိမည် ဖြစ်သည် ဟု ဒေါ်မြတ်မြတ်ထွေးက ဆိုသည်။

ထိုစစ်တမ်း ကောက်ယူရန် အတွက် မွန်ပြည်နယ် (၁၀) မြို့နယ်၌ ကောက်ကွက် စုစုပေါင်း (၄၇) ကွက် ခွဲထားကာ ကောက်ကွက် တစ်ကွက်လျှင် အိမ်ထောင်စု (၁၈) စု ဖြင့် အိမ်ထောင်စုပေါင်း (၈၄၆) အိမ်မှ လုပ်သား အင်အား စစ်တမ်းကို ဇန်နဝါရီလမှ မတ်လ အတွင်း ပြီးစီးအောင် ကောက်ခံ သွားမည်ဟု ဒေါ်မြတ်မြတ်ထွေးက ရှင်းပြသည်။

“ လွန်ခဲ့သော တစ်ပတ်အတွင်းက တစ်နာရီ အလုပ်လုပ်ခဲ့တဲ့ လူကို အလုပ် လက်ရ ွိဆိုပြီး သတ်မှတ် ကောက်ခံ သွားမှာပဲ ဖြစ်ပါတယ်” ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က ဆိုသည်။

လုပ်သားအင်အား စစ်တမ်း ကောက်ယူမည့်အဖွဲ့ တစ်ဖွဲ့တွင် ကြီးကြပ်ရေးမှူး တစ်ဦး၊ စာရင်းကောက်မည့်သူ လေးဦး ပါဝင်မည် ဖြစ်ကာ သတ်မှတ် ကောက်ကွက် များရှိ အိမ်ထောင်စုများသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း၍ တွေ့ဆုံ မေးမြန်း မှတ်တမ်းတင် ကြမည် ဖြစ်သည်။

မြန်မာ နိုင်ငံ၏ လုပ်သားအင်အား စစ်တမ်း ကောက်ယူခြင်းကို ၂ဝ၁၅ ခုနှစ်က နောက်ဆုံး အကြိမ် အဖြစ် ကောက်ယူ ခဲ့ပြီး ပြည်ထောင်စု တစ်ခု လုံးတွင် အလုပ်လက်ရှိ လူဦးရေ ၂၁၇၉၁၃၃၅ ဦး နှင့် အလုပ်လက်မဲ့ လူဦးရေ ၁၆၈ ၄၆၂ ဦးရှိကြောင်း ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ လုပ်သားအင်အား စစ်တမ်းများ အရ သိရသည်။

ဖိုးဝ

Leave a Reply