မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် စက်တင်ဘာလ ၁ရက်နေ့က ပြည်နယ်အတွင်းရှိ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များကို စည်းမျည်းစည်းကမ်းအသစ်များနှင့် မူဝါဒများအပေါ် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

trade&me

မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့များကို ဦးဆောင်ရသောကြောင့် အစိုးရအဖွဲ့ထံ တင်ပြသည့်အခါတွင် စည်းကမ်းရှိစေရန်နှင့် စနစ်တကျရှိစေရန် စည်းမျဉ်းစည်းကမ်းများ အသစ်ပြန်လည်ရေးဆွဲရခြင်း ဖြစ်ကြောင်း ဦးလှရှိန်က ပြောသည်။

“အရင်က နှစ်စဉ်ကြေးပေးရမယ်ဆိုတော့ ဘယ်သူမှ မလာကြဘူးလေ၊ စည်းမျဉ်းစည်းကမ်းက ဗီရိုထဲမှာပဲ၊ မလုပ်ကြဘူး”ဟု ၎င်းက ဆိုသည်။

ယခင် ၁၂နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သော ဥက္ကဋ္ဌဟောင်းလက်ထက်တွင် ရေးဆွဲထားသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ကိုင်တွယ်အသုံးပြုလျှင် မည်သူမျှ အသင်းရုံးသို့ မလာရောက်ကြတော့ဘဲ အသင်းအဖွဲ့ စည်းမျဉ်းများကို ဗီရိုထဲတွင်သာထည့်ထားကြောင်း ဦးလှရှိန်က ဆိုသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသော ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် အအောင်မြင်ဆုံးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း စတင်တည်ထောင်ခဲ့သည်မှာ ၁၇နှစ်တိုင်တိုင်ရှိခဲ့ပြီး ယခုနှစ်တွင် စည်းမျဉ်းစည်းကမ်းအသစ်များ ပြန်လည်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ဦးလှရှိန်က ဆိုသည်။

Leave a Reply