Advertisements

မော်လမြိုင် ၊ ဇူလိုင် ၃

မွန်ပြည်နယ် စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် အနေနှင့် တာဝန်မှ အနားယူရန် နှုတ်ထွက်စာတင်ထားသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင် ကပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီကလည်း ဘာမှမပြောဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာနှုတ်ထွက်စာမှ မတင်ထားဘူး။ တစ်ခုခုဆို အထက်လူကြီးတွေက ပြောမှာပေါ့” ဦးမင်းကျော်လွင်က ဆိုသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို က အရေးယူရန်ရှိပြီး ၎င်း ကိုယ်တိုင်လည်း နှုတ်ထွက်စာတင်ထားသည်ဆိုသော သတင်းများ ဇွန်လ ၂ ရက်နေ့က ပျံ့နှံ့ခဲ့သည်။

အဆိုပါ သတင်းများ နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ထံ အတည်ပြုမေးမြန်းခဲ့ ရာ ဦးမင်းကျော်လွင်ကို ပါတီ အနေနှင့် အရေးယူရန်မရှိကြောင်းသာ ပြန်လည် ဖြေဆိုခဲ့သည်။

“ပါတီကတော့ အရေးယူထားတာတော့မရှိပါဘူး၊ အုပ်ချုပ်ရေးအပိုင်းက အလုပ်တွေ ကျွန်တော်တို့ ပါတီက မသိနိုင်ဘူး ” ဟု ပြောဆိုသည်။

ဦးမင်းကျော်လွင် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချောင်းဆုံမြို့နယ် ဥက္ကဋ္ဌ နှင့် စည်းရုံးရေးမှူး တာဝန် ယူထားသူ တစ်ဦးဖြစ်သည်။

ဟင်္သာမီဒီယာ

Advertisements
<

Leave a Reply