မွန်ပြည်နယ် စီးပွားရေး ပြုပြင်ပြောင်းလဲရန် ဦးစားပေးကဏ္ဍရှစ်ခု အကောင်အထည် စဖော်

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ရန် ဦးစားပေးအနေဖြင့် လုပ်ငန်းကဏ္ဍ ရှစ်ခုကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းRenaissance Instituteမှ စီးပွားရေးပညာရှင် ဦးစိန်ဌေးကပြောကြားသည်။

“ပြည်နယ်အစိုးရအဖွဲ့နဲ့လွှတ်တော်တို့က ဦးဆောင်ပြီးတော့ပြုပြင်ပြောင်းလဲမှုဆိုင်ရာဦးစားပေးကဏ္ဍတွေကိုသတ်မှတ်ခဲ့တယ်၊ မူဝါဒတွေချမှတ်ခဲ့တယ်။အကောင်အထည်ဖော်နေပြီဆိုတော့ကျွန်တော်တို့ကပြည်သူတွေဆီကိုပြန်လည်ချပြတာပါ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်၏စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာဦးစားပေးလုပ်ငန်းကဏ္ဍရှစ်ခုမှာအခြေခံစီးပွားရေးကဏ္ဍများ စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်း၊သစ်တောဖွံ့ဖြိုးတိုးတက်ရန်၊စက်မှုလက်မှုနှင့်သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ပို့ကုန်(Export)ဖွံ့ဖြိုးတိုးတက်ရန်၊အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန်၊ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့်ITဖွံ့ဖြိုးတိုးတက်ရန်နှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့်ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရန်စသည်တို့ကိုအဓိကဆောင်ရွက်မည်ဖြစ်ကြောင်းဆက်လက်ပြောသည်။

စိုက်ပျိုး မွေးမြူရေးကို   အဓိကအခြေခံသော ပြည်နယ်ဖြစ်သောကြောင့် တောင်သူလယ်သမားများ အလုပ်အကိုင်အဆင်ပြေစေရန်နှင့်အခွင့်အလမ်းများပိုမိုရရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြည့်စွက်ပြောသည်။

စီးပွားရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာဦးစားပေးကဏ္ဍများစာတမ်းမိတ်ဆက်ပွဲကိုမော်လမြိုင်မြို့Strand Hotel တွင် နိုဝင်ဘာ ၂၇ ရက်၌ ပြုလုပ်ခဲ့သည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.