Advertisements

မော်လမြိုင်၊ စက်တင်ဘာ

သစ္စာစီမံချက်ဖြင့် မွန်ပြည်နယ် တစ်ဝန်းလုံးတွင် ကိုးလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်သိန်းတစ်သောင်းကျော်(၁၁၆၀၆၀)ထုတ်ပေးခဲ့ကြောင်းမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်ချယ်ကပြောကြားသည်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေနှင့် သစ္စာစီမံချက်ကို ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ စတင်ခဲ့ခြင်း လည်းဖြစ်သည်။

“အရင်က ဆိုနိုင်ငံသားမှတ်ပုံတင်ကတ်တွေလုပ်ပြီးသွားရင် ကျေးရွာ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ပေးဝေခိုင်းလိုက်တယ် ဒီနှစ်ကျတော့ ကျွန်တော်တို့ ကိုယ်တိုင် တစ်ယောက်ချင်းဆီပေးအပ်ပြီးလက်မှတ်ထိုးခိုင်းတယ်။ အဲ့တာကျတော့ဒီနှစ်မှစတင်လုပ်ဆောင်တာပေါ့”ဟု ပြည်နယ်ညွန်ကြားရေမှူး ဦးတင်ချယ်ကပြောသည်။

သစွာစီမံချက်တွင် မွန်ပြည်နယ်မှကလေးမွေးဖွားမှုစာရင်း ၃၆၁၁၇ ဦး၊ ရွှေ့ပြောင်းဝင်ရောက်လာသူ ၂၈၁၉ ဦး၊ရွှေ့ပြောင်းသွားသူ ၂၄၀၁ ဦး တို့ကို တရားဝင်စာရင်းများအရ ကွင်းဆင်းဆောင်ရွက်မှုတွင်ပြုလုပ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အိမ်ထောင်စု၁၀၂၀၃ ခုကို အိမ်ထောင်စုစာရင်းအသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းများပြုလုပ်ပေးခဲ့ပြီး သေဆုံးသူ ၁၆၇၂၉ ဦးအတွက်လည်းသေဆုံးစာရင်းထည့်သွင်းပြီး မဲစာရင်း ကောက်ယူမှုလွယ်ကူစေရန်လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိစာသင်ကျောင်းများတွင်လည်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကယခုနှစ် ဇန်နဝါရီမှ စတင်ကာကျောင်းပေါင်း ၇၂ ကျောင်းရှိကျောင်းသား/ကျောင်းသူ  ၈၁၇၂  ဦးကိုနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ကြောင်းအဆိုပါဌာနထံမှ သိရှိရသည်။

စိုင်းထွန်းစံ

Advertisements
<

Leave a Reply