ရခိုင်နယ်စပ်အကြမ်းဖက်မှုနှင့်ဆက်စပ်ပြီး အိမ်နီးချင်းနိုင်ငံမှဘင်္ဂါလီဟုယူဆရသည့် တရားမဝင်နေထိုင်သူများ မှာ မွန်၊ကရင်နယ်စပ်မှတစ်ဆင့် မလေးရှားကဲ့သို့သောနိုင်ငံများသို့ ပွဲစားများအကူအညီဖြင့် သွားရောက်ခြင်းများ ရှိခဲ့ပြီး မွန်ပြည်နယ်မှတစ်ဆင့် ဖြတ်သန်းသွားလာစဉ်ဖမ်းဆီးရမှူများဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သဖြင့် မွန်ပြည်နယ်၏လုံခြုံရေးကို မည်သည့်ပုံစံမျိုးဖြင့် နေရာချထားဆောင်ရွက်မှုများ ပြုလုပ်ထား သည်ကို ပြည်သူများသိရှိစေရန်အတွက် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်းဦး အား တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ရပါသည်။
win-naig-oo

ဟင်္သာမီဒီယာ ။ ။ ပြည်နယ်အစိုးအဖွဲ့အနေနဲ့ မွန်ပြည်နယ်မှာ လုံခြုံရေး ဘယ်လိုတွေဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ ငါတို့မွန်ပြည်နယ်မှာအရေးပေါ်စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းထားတယ် အရေး ပေါ်စီမံခန့်ခွဲမှုကော်မတီမှာ ဝန်ကြီးချုပ်ကဥက္ကဌ၊ လုံနယ်ဝန်ကြီးကအတွင်းရေးမှူး ဒီအစိုးရအဖွဲ့ဝင်တွေ အကုန်လုံးပါတယ် အဲ့ဒီလိုနဲ့ကော်မတီကိုဖွဲ့ထားတယ်။
ဒီကော်မတီကဘာတွေလုပ်ရမှာလည်းဆိုတော့ လုပ်ငန်းတာဝန်တွေသတ်မှတ်ပြီး သားပဲ အရေးပေါ်အခြေနေ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာလို့ရှိရင် ကော်မတီကနေ ကိုင်တွယ်ဆောင် ရွက်သွားမှာပါ။ အဲ့တော့ လုံခြုံရေးဆိုတာက နှစ်ပိုင်းရှိတယ် အမြဲတမ်းပုံသေချထားတဲ့လုံခြုံရေးဆိုတာရှိတယ် ထပ်ပြီးတော့မှ အခြေအနေအချိန်အခါပေါ်မှာမူတည်ပြီးတော့မှ စီမံဆောင်ရွက်ရတဲ့လုံခြုံရေးတွေလည်းရှိတယ် အဲ့တော့ လုံခြုံရေးလုပ်တဲ့နေရာမှာသတင်းလက်ဦးမှုရဖို့ကအရေးကြီးတယ်။

ဟင်္သာမီဒီယာ ။ ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး သတင်းလက်ဦးမှုရရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါလဲ၊ လက်ရှိမြို့နယ်တွေမှာ ဘယ်လိုသူတွေနဲ့ ကော်မတီဖွဲ့စည်းထားလဲ။ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ သတင်းလက်ဦးမှုရရှိအောင် သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်း တွေကလည်း စီမံဆောင်ရွက်နေတယ် အလားတူမြို့နယ်အလိုက် မြို့နယ်ဆယ်မြို့နယ်စလုံးမှာ မြို့နယ်တည်ငြိမ်မှုထိန်း သိမ်းရေးပူးပေါင်းအဖွဲ့ဆိုတာတွေ ဖွဲ့စည်းထားတယ် အဲ့ဒီအဖွဲ့တွေမှာဘယ်သူတွေပါလည်းဆိုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကဥက္ကဌ ပြီးရင်ပါတီကိုယ်စားလှယ်တွေပါတယ် ။ အဲ့ဒီမြို့နယ်ထဲမှာရှိနေတဲ့ပါတီ ကိုယ်စားလှယ်တွေ အကုန်ပါတယ် ပြီးရင်အဲ့ဒါအပြင် ဘာသာရေးကိုယ်စားလှယ်တွေပါတယ် ဆိုလိုတာက ခရစ်ယာန်ကိုယ်စားလှယ်တွေပါတယ် မူဆလင်ကိုယ်စားလှယ်တွေပါတယ် ဗုဒ္ဓဘာသာကိုယ်စားလှယ်ပါတယ် ဘာသားရေးနဲ့ပက်သက်တဲ့ ကိုယ်စားလှယ်တွေပါတယ် ပြီးရင် မီဒီယာတွေလည်းပါတယ် ( N G O ) အသင်း အဖွဲ့အစည်းတွေလည်းပါတယ် နောက်လူထုလူတန်းစားကိုယ်စားလှယ်တွေလည်းပါတယ်။ လယ်သမား ကိုယ်စားလှယ်တို့ဘာတို့ပေါ့နော် အဲ့ဒီအဖွဲ့တွေကဘာလုပ်ရမှာလည်းဆိုရင် အတော် တဆလူမျိုးရေး ဘာသာ ရေး ပြဿနာတစ်စုံတရာ ဖြစ်ပေါ်လာပြီဆိုရင် ပြဿနာဖြစ်တဲ့နေရာ ကိုအဲ့ဒီအ ဖွဲ့ကချက်ချင်း သွားမှာချက်ချင်း သွားပြီးတော့မှ ဘာသာရေးကိစ္စဖြစ်တာလားလူမှုရေး ကိစ္စဖြစ်တာ လားဘာကိစ္စဖြစ်တာလည်း ဖြစ်တဲ့အပေါ်မူ တည်ပြီးတော့မှ ပူးပေါင်းရေးအဖွဲ့ကနေပြီးတော့မှ နှစ်ဘက်ဖြန်ဖြေညှိနှိုင်းပေးမှာပေါ့ အခြေအနေ ကိုထိန်းသိမ်း ပေးမှာပေါ့။ အဲ့တော့ သတင်းလက်ဦးမှုအရင်ရမှ ပြဿနာကြီးထွားလာမှု မရှိဘူးပေါ့ ။ ကြီးတဲ့အမှုငယ်အောင် သူတို့ ညှိနှိုင်းပေးပြီးတော့မှ ငါတို့မွန်ပြည်နယ်မှာဖွဲ့စည်းထားတဲ့ အရေးပေါ်စီမံခန့်ခွဲမှုကော်မတီကနေပြီးတော့မှ လိုအပ်သလိုဆက်လက်ပြီးတော့ စီမံခန့်ခွဲပေးသွားမှာပေါ့ ။

ဟင်္သာမီဒီယာ ။ ။ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းက သူတွေနဲ့ရော ဘယ်လိုဆက်သွယ်မှုတွေ ပြုလုပ်ထား ပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ အကုန်လုံးကသူတို့ ရပ်ကွက်ကျေးရွာထဲမှာနေနေတဲ့သူတွေကြီး ဘဲဒီပူးပေါင်းအဖွဲ့မှာ ပါတဲ့ပုဂိုလ် တွေကသူတို့ကသတင်းရရင်ရလိုတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကို ချက်ချင်းတင်ပြမှာပေါ့ ။ တစ်ပြိုင်ထဲမှာဘဲသူတိုအဲ့ဒီနေရာကိုသွားပြီးတော့ ဖြစ်လာပြီဆိုလို့ရှိရင်လည်းသူတို့ကအရင် ဖြန်ဖြေမှာပေါ့ သူတို့ရင်တင်ပြတဲ့သတင်းပေါ်မူတည်ပြီးတော့ စီမံခန့်ခွဲမှုကော်မတီကလိုအပ်သလိုဆက်လက်လုပ်ဆောင်မှာပေါ့ သတင်းလက်ဦးမှုရယူဖို့ဆိုတာကခုနကအဖွဲ့ထဲမှာအကုန်ပါတယ်ကွာ။ ဒီအဖွဲ့ကနေပြီးတော့ ထိထိရောက် ရောက် ထဲထဲဝင်ဝင်လုပ်မယ်ဆိုရင်တော့ သတင်းလက်ဦးမှုမရစရာ အကြောင်းမရှိဘူး အဲ့ဒီအဖွဲ့ကနေလည်း သတင်းရနိုင်တယ် သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်း တွေကနေပြီးတော့လည်းသတင်းရနိုင်တယ် နောက်တခါငါတို့အပေါ်ကနေပြီးတော့ ဟို အထက်ဌာနကနေပြီးတော့ ချပြတဲ့သတင်းလည်းငါတို့ရတယ်။

ဟင်္သာမီဒီယာ ။ ။ လုံခြုံရေးတွေနဲ့ပတ်သက်ပြီး သတင်းရရှိတဲ့အခါ ဒီသတင်းတွေမှန်ကန်မှု ရှိမရှိ ဘယ်လိုတွေစစ်ဆေးမှာလဲ၊ နောက်ပြီး တစ်ခြားပြည်နယ်နှင့်တိုင်းတွေနဲ့ရော လုံခြုံရေးကိစ္စတွေ ဘယ်လိုတွေ ချိတ်ဆက်ညှိနှိုင်းထားတာတွေရှိလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ အခြားနည်းအကြောင်းအမျိုးမျိုးကြောင့်လည်းငါတို့သတင်းရနိုင်တယ် အဲ့လိုသတင်း ရလာပြီဆိုတာနဲ့ ငါတို့ကရလာတဲ့သတင်းအပေါ်မူတည်ပြီးတော့ မှန်ကန်မှုရှိမရှိစစ်ဆေးပြီးတော့ မှန်တယ် ဆိုရင်လည်းအရေးယူဆောင်ရွက်တာတို့ ကာကွယ်တာတို့ တားဆီးတာတို့ အဲ့လိုငါတို့ ဆက်လုပ်သွားမှာပေါ့ နောက်တော့ ငါတော့ ဘေးမှာဆက်စပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ချိတ်ဆက်တွေရှိပြီး သားဘဲပဲခူးတိုင်းဒေသကြီးနဲ့ ဆက်နေတယ် ကရင်ပြည်နယ်နဲ့ဆက်နေတယ် တနင်္သာရီတိုင်းဒေသကြီးနဲ့ထိ စပ်နေတယ် သက်ဆိုင်ရာအိမ်နီးနားချင်းတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း သူတို့ပြည်နယ်အတွင်းက လိုအပ်နေတဲ့ အရေးကြီးလာတဲ့ သတင်းတွေကိုတောင်းရမ်းညှိနှိုင်းခြင်းနဲ့လည်းငါတို့ကသတင်းရနိုင်တယ်ပေါ့ အဲ့လိုမျိုးနည်းလမ်းမျိုးစုံနဲ့ရတဲ့သတင်းပေါ်မှာမူတည်ပြီးတော့ လုံခြုံရေးကိစ္စတွေကိုထပ်ပြီးတော့ လိုအပ်သလိုစီမံဆောင်ရွက်သွားမှာပေါ့ ။

ဟင်္သာမီဒီယာ ။ ။ လက်တလောက မော်လမြိုင် ကားဝင်းအတွင်းရောက်ရှိလာတဲ့ ဘင်္ဂါလီတွေ ဘယ်လိုပုံစံနဲ့
ဖမ်းမိခဲ့တာပါလဲ

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ အရေးကြီးလမ်းတံတားအဆောက်အဦးတွေကိုပုံမှန်နေရာယူထားတာတွေ လုံခြုံရေး လုပ်နေတဲ့ဟာတွေရှိတာပေါ့ ငါတို့မွန်ပြည်နယ်မှာဆိုရင် စစ်တောင်းတံတားအဲ့မှာလည်းလုံခြုံရေးတွေချပါတယ်။ လမ်းကြောင်းတစ်လျှောက်ဖြတ်လာတဲ့မြို့တွေမှာလည်းတိုးဂိတ်တွေရှိနေတာဘဲတိုးဂိတ်တွေမှာလည်းရဲတပ်ဖွဲ့ဝင်တွေကိုလုံခြုံရေးချထားပေါ့ အဝေးပြေးကားဂိတ်မှာဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၁၂ယောက်နဲ့ ပက်သက်လို့ရှိရင် သူတို့လာတဲ့ကားကဘယ်ကားနဲ့လာမှန်းမသိဘူးပြန်ပြောတယ် ကားကချပြီးတော့ပြန်ပြေးသွားတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ၊ ဆူပူမှုတွေ မဖြစ်ပေါ်လာအောင် လုံခြုံရေးစီမံချက် တွေကို အန်ကယ်တို့ အနေနဲ့ ဘယ်လိုရေးဆွဲပြီး ဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ အဆင့်ဆင့်သောတိုးဂိတ်တွေမှာလှမ်းအကြောင်းကြားထားတဲ့အတွက် ချက်ချင်းကားကို ပြန်မိတာပေါ့ ဒီလိုမျိုးငါတို့ အစီအမံတွေလုပ်ထားတာပေါ့ ရေးဘက်လမ်းကြောင်းမှာ လည်းဒီလိုဘဲပေါ့ ဒီဘက် ကရင်ပြည် နယ်ထွက်တဲ့လမ်းကြောင်းမှာလည်း ဒီလိုဘဲချထားတာပေါ့ ငါတို့ရတဲ့သတင်းတွေ အရေးကြီးရင် လိုအပ်ရင်လို တိုင်းစစ်ဌာနချုပ်ဆီကို တင်ပြပြီးတော့မှ တပ်မတော်နဲ့ တိုင်းစစ်ဌာန ချုပ်ရဲ့ညွှန်ကြား ချက်နဲ့အညီဆောင်ရွက်နေတယ်ပေါ့ ။
နယ်မြေတိုင်းမှာရဲကင်းတွေလည်းရှိတယ် ရဲစခန်းတွေရှိတယ် ရွာတိုင်းမှာလည်းအရန်မီးသတ်တပ်ဖွဲ့တို့ နယ်မြေခံ ပြည်သူ့စစ်တို့ ပင်လယ်ကမ်းခြေတွေမှာစက်စဲတို့ ကျိုက္ခမီတို့ အဲ့ဒါတွေလည်းသတင်းထူးခြားမှုရှိရင် ရှိသလိုပေါ့ ထူးခြားမှုဆိုတာကတော့ မသင်္ကာတဲ့လူတွေ့တယ် မသင်္ကာဘူးဆိုရင် ချက်ချင်းသတင်းရအောင်စီမံထားတယ်။

ဟင်္သာမီဒီယာ ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ပြည်နယ်ဘက်ကို ကူးစက်လာမှုမရှိအောင် ဘယ်လိုတွေစီမံဆောင်ရွက်မှုတွေလုပ်ထားပါသလဲ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ ရခိုင်ပြည်နယ်ငါ့တို့နဲ့အဝေးကြီးပါကွာဆိုပြီးတော ့နေလို့မရဘူး လေခုနကပြောထား တဲ့နည်းလမ်းနဲ့ ကြိုတင်ကာကွယ်တားဆီးနေတာပေါ့ ၊ ဟိုဘက်ကပြဿနာတွေ တို့ဘက်ကိုကူးစက်မလာ အောင်စီမံထားတာ ပြဿနာတစ်ခုဆိုတာက တစ်ခြားပြည်နယ်မှာဖြစ်လို့ ငါတိုပြည်နယ်မှာ မဖြစ်ဘူးဆိုပြီး နေလို့မရဘူး။ ဘယ်လိုဘဲပြောပြောအကြောင်းအမျိုးမျိုးကြောင့် ချိတ်ဆက်ပြီးတော့ ပြဿနာမဖြစ်လာအောင် ငါတို့က ကြိုတင်ကာကွယ်တားဆီးတာပေါ့ ဝင်လာလို့ရှိရင်လည်း ဖမ်းဆီးရမိရမယ်၊ ပိတ်ဆိုထားရမယ် မိပြီး ရင်လည်း ငါတို့တည်ဆဲဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်သွားမယ်။
ဒီလိုတွေလုပ်ထားတယ်လေသက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေကိုလည်းငါတို့ကချပြထားပြီးသားပဲ ကိုယ့်ပြည်နယ် ၊ မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် မွန်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေးဘာသာမရွေးအားလုံးမှာတာဝန်ရှိတယ်။ ဒါကြောင့်မို့ ကိုယ့်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ကို အားလုံး ကိုပါဝင်ဆောင်ရွက်ပေးကြပါလို့ အားလုံးကိုပေါင်းစပ်ညှိနှိုင်းထားတယ် ဘာသာရေးခေါင်းတောင်တွေနဲ့ ညှိနှိုင်းထားတယ်။ သူတို့လည်းငါတို့ခုနကပြောတဲ့ ပူးပေါင်းအဖွဲ့မှာလည်းပါဝင်ပြီး တော့ပူးပေါင်းဆောင်ရွက်ပေး နေတာပေါ့ စစ်ဆေးချက်အရဆိုရင် ဘူးသီးတောင် မောင်းတောဘက်ကနေပြီးတော့မှ မလေးဘက်မှာ အလုပ် လုပ်ဖို့ဆိုပြီးတော့ ပွဲစားတွေနဲ့ ထွက်လာတဲ့အနေအထားမျိုးကတော့ ပေါ်လွင်နေတယ် လူကုန်းကူးမှုနဲ့ဖွင့်ထား တာကတော့ ခေါ်လာတဲ့ သူတွေကိုတည်ဆဲဥပဒေနဲ့အညီအရေးယူသွားမှာပါ။

ဟင်္သာမီဒီယာ ။ ။လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအနေနဲ့ လုံခြုံရေးကိစ္စဆောင်ရွက်နေရမှုနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုအခက်ခဲတွေရှိနေလဲ။ ပြည်သူတွေကိုရော ဘာစကားများပြောချင်လဲ ။

ဗိုလ်မှူးကြီးဝင်းနိုင်ဦး ။ ။ သတင်းလက်ဦးမှုရရှိရေးနဲ့ပတ်သက်ပြီးတော့ အခက်ခဲတစ်ခုတော့ရှိတယ်၊ တရား ဥပဒေစိုးမိုးရေးအတွက် တစ်ချို့ပြည်တွေက “ငါနဲ့မဆိုင်ဘူး၊ ငါနဲ့မဆိုင်ပါဘူးကွာ” ဆိုတာတွေရှိနေ သေးတယ်၊ သတင်းလက်ဦးမှုရရှိရေးကိစ္စတွေဆောင်ရွက်တဲ့အခါမှာလည်း”ငါနဲ့မဆိုင်ဘူး၊ ငါနဲ့မဆိုင်ပါဘူးကွာ” ဆိုတဲ့သူတွေများလာတော့ အခက်ခဲတွေ၊ အားနည်းမှုတွေရှိနေပါတယ်၊ အထူးသဖြင့် ခုကာလဆိုရင် ပိုပြီးအရေးကြီးတာပေါ့ ဧည့်စာရင်းတိုင်ရတဲ့ဥပဒေဆိုတာမရှိတော့ ဘယ်သူသူအိမ်မှာ ဘယ်ကဧည့်သည်ရောက်နေလဲဆိုတာမသိရဘူး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုမေးတော့လည်းသူမသိဘူး၊ ဘယ်သူအိမ်မှာဘယ်သူရောက်နေလဲဆိုတာ အိမ်ရှင်နဲ့အိမ်အနီးအနားကသူတွေပဲသိမှာပေါ့ သိတဲ့သူတွေကတော့ သတင်းပေးဖို့လိုပါတယ်။ ငါနဲ့မဆိုင်ဘူးဆိုတာ မရှိပါဘူး ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်နေပါပြီးလို့ လက်ခံထားတဲ့ခေတ်ကြီးမှာ ဒို့နိုင်ငံမှာလည်း ဘယ်နေမှာ ဘာဖြစ်ဖြစ်အားလုံးနဲ့ဆိုင်ပါတယ်။
မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ပေါင်းစပ်ညှိနှိုင်းစီမံဆောင်ရွက်ပေးနေသလို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုလည်း လိုအပ်တဲ့အခါ လိုအပ်သလိုတင်ပြပြီးတော့မှ လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေးကို ဆောင်ရွက်ပေးနပါတယ်။ သတင်းလက်ဦးမှုရရှိရေးကိုလည်း နည်းလမ်းမျိုးစုံအသုံးပြုပြီးတော့မှ စီမံဆောင်နေပါတယ်၊ ဒါကြောင့်မို့လို့ မလိုလားအပ်သောဖြစ်စဉ် ပြဿနာတွေဖြစ်ပေါ်မလာစေဖို့အတွက် စနစ်တကျဆောင်ရွက်ပေးနေပါတယ်၊ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်သောကမရှိစေဖို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအနေနဲ့ ပြောကြားစေလိုပါတယ်။

Leave a Reply