မွန်ပြည်နယ် တွင် တန်ဖိုးသင့် အိမ်ယာ အခန်းပေါင်း ၂၀ဝ၀ ကျော်တည် ဆောက်မည် ဖြစ်ကြောင်း မွန် ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။

house
သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ကျေးရွာ အိမ်ထန်းပေါင်း တစ်ထောင် ပါဝင်သော တန်ဖိုးသင့် အိမ်ယာ စီမံတစ်ခု နှင့် ကျိုက်မရောမြို့နယ်၊ မင်းရွာကျေးရွာ အိမ်ခန်း ပေါင်း တစ်ထောင် ပါဝင်သော အိမ်ယာ စီမံကိန်းတစ် ခု တို့ အကောင်အထည်ဖော်ဆောင်ရွက် ရန်စီစဉ်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ပြည်သူများအဆင်ပြေစေရန်အတွက်လုပ်သွားမှာပါ၊ အရစ်ကျပေးသွင်းတဲ့စနစ်နဲ့သွားရင်လည်းဖြစ်ရင်ဖြစ်မယ်၊ တန်းဖိုးနည်းလည်း ဖြစ်ချင်ဖြစ်မယ်၊ ဆောက်လုပ်မယ့်တိုက်ခန်းတွေအပေါ်မူတည်ပါတယ်၊ အခန်းတွေက တော့ တစ်ထောင်ကျော် ဖြစ်လာလိမ့်မယ်၊အဲ့ ဒီအစည်းအဝေး ကို ပုံဖော်ဖို့ အတွက် အစိုးရအဖွဲ့ စည်းအဝေးထိုင်းပြီး ဆုံးဖြတ်ချက်ရယူရပါမယ်”ဟု ၎င်းကရှင်းပြသည်။

သို့သော်မည်သည့် ဈေးနှုန်း ဖြင့်ရောင်းချမည် ကို အဆိုပါ မွန်ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူ ကထုတ်ဖော် ပြောဆို ခြင်း မရှိပေ။
အဆိုပါ စီမံကိန်းကို ပြည်နယ် အစိုးရ အနေဖြင့် ပိုက်ဆံမစိုက်ထုတ်နိုင်ပါက ပေါင်းစပ်လုပ်ဆောင်နိုင်မည့်
နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်စီစဉ်နေကြောင်း ၎င်းကရှင်းပြသည်။

မြေကွက်တစ်ကွက်လျှင် မြေဧက လေးဆယ်ဝန်းကျင်ရှိပြီး Town Plan အိမ်ရာစီမံကိန်းတစ်ခုအတိုင်း ဆောင်ရွက်မည်ဖြစ် ကြောင်း၎င်းကဆိုသည်။
အဆိုပါ အိမ်ရာတွင် ပန်းခြံများ၊ အနားယူနိုင်သည့်နေရာများ၊ ကားပါကင်များလည်း ပါရှိမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းကို အခြေခံလူတန်းစားများအတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုက်ခန်းများကို လည်း သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အဆင်ပြေအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှင့် မော်လမြိုင် မြို့ ၊မရမ်းကုန်း ရပ်ကွ ဒေသခံ များ နှင့် တွေ့ဆုံ ခဲ့ စဉ် အချိန် ငွေကျပ် သိန်းငါးဆယ် တန်ဖိုး ရှိ အိမ်ယာ များ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

Leave a Reply