မွန်ပြည်နယ်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရေတိမ်ဒေသများနေ့ (Ramser) ကို ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ မတ်လအတွင်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးအသင်း (Banca) မှ ဦးပြည့်ဖြိုးအောင်က ပြောကြားသည်။

“ဒီနှစ်မှာတော့ ရေတိမ်ဒေသများနေ့ကို ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ မကျင်းပတော့ဘဲ မတ်လ လောက်မှ ကျင်းပဖို့ စီစဉ်ထားပါတယ်၊ မနှစ်ကတော့ ဘီးလင်းမြို့နယ်ထဲက သိမ်ငူမှာ ကျင်းပခဲ့တယ်၊ ဒီနှစ်မှာတော့ ပေါင်မြို့နယ်ထဲက အလှပ်ကျေးရွာမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

ဇီဝမမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) အသင်းသည် ဘီးလင်းမြို့နယ် သိမ်ငူကျေးရွာ၌ အခြေစိုက်လျက် မျိုးတုန်းလုနီးပါး ဖြစ်ပေါ်နေသော ငှက်မျိုးစိတ်နှင့် တခြားသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း (BANCA)အဖွဲ့၏ စီမံကိန်းမန်နေဂျာ ဦးအောင်ကျော်ညွှန့်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံ ရေတိမ်ဒေသအဖြစ် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းကို ၂၀၁၅ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့ပြီး ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကို ဒုတိယရေတိမ်ဒေသအဖြစ် ၂၀၁၆ ခုနှစ် ဖေဖောဝါရီ ၂ ရက်နေ့တွင် ကြေညာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မုတ္တမပင်လယ်ကွေ့ကို တတိယရေတိမ်ဒေသအဖြစ် တရားဝင် သတ်မှတ်နိုင်ရေးအတွက် ကြိုးစားလျက်ရှိကာ သဘောတူညီချက်များ ရရှိနေပြီးဖြစ်ကြောင်းနှင့် ယင်းနေရာ၏ ရေတိမ်ဒေသ စံညွှန်းများမှာ တခြားနိုင်ငံ တခြား ဒေသများထက် ပိုမို ပြည့်စုံလျက်ရှိကြောင်ကိုလည်း အဆိုပါအဖွဲ့ထံမှ သိရသည်။

Written by – ဟိန်းထက်

Leave a Reply