Advertisements

မော်လမြိုင်၊ ဇူလိုင် ၂၇

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွားသွန်းသဖြင့် ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မီးရထားဘူတာမှ နေ့စဉ်ပြေးဆွဲလျှက်ရှိသည့် မြန်မာ့နိုင်ငံပိုင် မီးရထားပြေးဆွဲနေမှုကို နှစ်ရက်တာ ရပ်နားသွားမည်ဖြစ်ကြောင်း မော်လမြိုင် မီးရထားဘူတာ ရုံပိုင် ဦးအောင်ဇော်လတ်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“ဒုံဝန်းနဲ့ နှင်းပုလဲကြားမှာ ရထားလမ်းရေကျော်နေလို့ ရေကျသွားမှပဲ ရထားသွားသံလမ်းအောက်မှာ ဘာရှိမယ် မရှိဘူးဆိုတာ သိရမယ်” ဟု ၎င်းက ပြောသည်။

မော်လမြိုင် မီးရထားဘူတာကြီးမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာမည့် ၁၈ အစုန်ရထား၊ နံနက် ၈ နာရီတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ၉၀ အစုန်ရထား၊ ည ၇ နာရီခွဲတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ၃၆ အစုန် အထူးအမြန်ရထားနှင့် မော်လမြိုင်၊ ရေး၊ ထားဝယ်သို့ ထွက်ခွာမည့် ၁၇၆ အစုန်ရထားတို့ကို နေစဉ်ပြေးဆွဲလျှက်ရှိသည်။

သတင်း -ခေတ်မင်း
ဓာတ်ပုံ – ဟိန်းထက်

Advertisements
<

Leave a Reply