မော်လမြိုင် ၊ သြဂုတ်

မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အတွတ် ဗီယက်နမ်နိုင်ငံသံအမတ်နှင့်အဖွဲမှ သြဂုတ် ၂၁ ရက်နေ့တွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေမှူးရုံး အောင်ဆန်းခန်းမတွင် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်များပေးအပ်ခဲ့ကြောင်းသိရှိရသည်။

“ဗီယက်နမ်နိုင်ငံမှာလည် ဒီလိုမျိုးအလားတူသဘာဝဘေးတွေဆိုတာလည်းကြုံတွေ့နေရတာဖြစ်တယ်။ အခုလို မွန်ပြည်နယ်မှာလည်းဖြစ်ပေါ်နေတဲ့အတွက် ထပ်တူထပ်မျှ အကောင်းဆုံးပူးပေါင်းကူညီချင်တဲ့အတွက်ကြောင်မို့ အခုလို လာရောက်လှူဒါန်းရခြင်း ဖြစ်ပါတယ်”ဟု ဗီယက်နမ်နိုင်ငံ သံအမတ် HE Dr.Luan Thuy Duong က
ဆိုသည်။

ထိုထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ဗီယက်နမ်နိုင်ငံသံအမက် HE Dr.Luan Thuy Duong က မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ပအိုဝ်းတိုင်းရင်သားရေးရာဝန်ကြီး ေဒါ်စံဝင့်ခိုင် ထံသို့ပေးအပ်ခဲ့သည်။

ဗီယက်နမ်သံအမတ်နှင့်အဖွဲ့သည် မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် အလှူငွေ ၅၅ သိန်းကျပ်၊ အမေရိကန် ဒေါ်လာ ၆၀၀ နှင့် အခြားပစ္စည်များကိုပေးအပ်လှူဒါန်းခဲ့သည်။

ထို့ပြင် သြဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဗီယက်နမ်နိုင်ငံသံအမတ်အဖွဲ့သည် ရေကြီးမှုများဖြစ်ပေါ်နေသည့် ရေးမြို့နယ်သို့ ဆက်လက်သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Leave a Reply