Advertisements

မော်လမြိုင် ဇူလိုင်

မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ “ကမ္ဘာ့အဆင့်မီ မွန်တို့ပြည်” ဟူသော စာတမ်းရှင်းလင်းမိတ်ဆက်ပွဲကို မော်လမြိုင်မြို့ရှိ စမ်းကြီးလူငယ်သင်တန်းကျောင်းတွင် ဇူလိုင် ၁၈ ရက်ကပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပညာရေးစနစ်ကောင်းကောင်းရှိတဲ့ နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းကောင်းရတဲ့နိုင်ငံ၊ ဖွံ့ဖြိုးရေးစနစ်ကောင်းကောင်းရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ကျွန်တော်အမြဲတမ်းကြိုးစားပေးချင်ပါတယ်” ဟု အဆိုပါ စာတမ်းပြုစုသူ ဦးဝင်းကိုမျိုး ကပြောကြားသည်။

မိတ်ဆက်ပွဲပြုလုပ်နိုင်ရန်အတွက်အခက်အခဲများရှိနေပြီးယင်း၏ဆောင်ရွက်ချက်မှာ မည့်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှထိခိုက်စေသည့် ဆောင်ရွက်ချက်မျိုးမဟုတ်ကြောင်းနှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ကြိုးစားဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် လုပ်သင့်သည့်အရာများလည်းပါရှိမည်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် မလုပ်နိုင်သည့်အရာများလည်း ပါရှိမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရ မပြုလုပ်နိုင်တာတွေလည်း အဆိုပါစာတမ်းတွင်ပါရှိနိုင်ကြောင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကအဆိုပါအခမ်းအနားတွင်ပြောသည်။

“ကျွန်တော်တို့ မွန်ပြည်တိုးတက်ဖို့အတွက် ဆောင်ရွက်သင့်တဲ့လုပ်ငန်းတွေကို စာတမ်းရှင်ကနေပြီးတော့ ဆွေးနွေးတင်ပြတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါအခမ်းအနားပြုလုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ၃နှစ်ကျော်လောက်ကပင် သက်ဆိုင်အစိုးရအဖွဲ့များထံ စတင်တောင်းဆိုခဲ့ပြီးယခုအချိန်တွင် ပြုလုပ်ခွင့်ရရှိခဲ့ကြောင်းနှင့် အခမ်းအနားသို့ လူဦးရေ ၈၀ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

လျှမ်းထက်

Advertisements
<

Leave a Reply