မော်လမြိုင်၊ မေ ၃

ကာလအတန်ကြာ လစ်လပ်နေသော မွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီးအမည်စာရင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေ ၃ ရက် ကနေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး တွင်တင်သွင်းခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပဲခူးတိုင်း တွင် လျှပ်စစ် ဒုတိယအင်ဂျင်နီယာချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးလှထွန်း ကို အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးလှထွန်းသည် ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ အမှတ် (၂) လောပိတရေအား စက်ရုံတွင် လက်ထောက် အမှုဆောင် အင်ဂျင်နီယာမှ စတင်၍ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးတွင် ဒုတိယ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်အငြိမ်းစားယူထားသော ပညာရှင် တစ်ဦးဖြစ်ကြောင်း သိရသည်။

မွန်ပြည်အစိုးရ အဖွဲ့ လျှပ်စစ် ၊စွမ်းအင်နှင့် စက်မှုဝန်ကြီး အဖြစ် ဦးမင်းထင်အောင်ဟန်က တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာလ က ထုတ်ပယ်လိုက်သည်။

ဟင်္သာမီဒီယာ

Leave a Reply