ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ။ ။ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ အမည်စာရင်း များ လွှတ်တော် မတင်မီ နှစ်ရက်အလို တွင် ကြိုတင်ပေါက်ကြား ခဲ့ကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဗဟို အလုပ်မှု ဆောင်အဖွဲ့ ထံ မှသိရှိရသည်။

logo-copyအဆိုပါ စာရင်းများအရ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနေရာကို သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်အိ ကိုခန့်အပ် လျာထားပြီး ဒုတိယ လွှတ်တော် ဥက္ကဋ္ဌနေရာတွင် ဘီးလင်း မဲဆန္ဒနယ် အမှတ်(၂) NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဦးကို ခန့်အပ်မည် ဖြစ်ကြောင်း သတင်းကြိုတင်ပေါက် ကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် လွှတ်တော် ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင်စတင် ခေါ်ယူထားခြင်း လည်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး NLDပါတီဗဟိုကော်မတီဝင်တစ်ဦးက “သဘောကတော့ဒီစာကို ကို လွှတ်တော်စ တဲ့နေ့ မှသာဖောက်ဖွင့် ခိုင်းထားတာပါ၊ဘာလိို့အခုဒီလိုပေါက်ကြားတာလဲဆိုတာတော့ ကျွန်တော်မသိဘူး” ဟု ၄င်းကဆိုသည်။
ယင်းကဲ့သို့ ထွက်ပေးနေသော တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လွှတ်တော်ဥက္ကဋ္ဌ စာရင်း အတည်မပြုနိုင် သေးကြောင်း NLDပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကပြောဆိုထားသည်။

မွန်ပြည်နယ် သာမက ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ခန့်အပ်မည့် လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ အမည်စာရင်းများ ကြိုတင်ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိလွှတ်တော်ကိုယ် စားလှယ်များကို စီမံခန့်ခွဲမှု သင်တန်းဆင်းသည့် နေ့တွင် ယင်းစာရင်းများကို ပေးအပ်ခဲ့ကြောင်း NLDပါတီထံ မှသိရသည်။

သို့သော်အဆိုပါစာရင်းများ ကိုလွှတ်တော်အစည်းအဝေးစတင်သည့်နေ့မှသာဖောက်ဖတ်ရန် ညွန်ကြား ထားကြောင်းယင်းပါတီ တာဝန်ရှိသူအချို့ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ရက်နေ့က ထွက်ပေါ်လာသည့် စာရင်းများအရ ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ် ရှိ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌနေဂာများကိုထုတ်ပြန်ထားခြင်းမရှိသေးကြောင်း NLD ပါတီထံမှသိရှိရသည်။

“ကျွန်တော်ကတော့ မသိသေးပါဘူး၊ မနက်ဖြန်မှ ထုတ်ပြန်ခွင့်ရှိပါတယ်၊ လူစုံ မှ ဖွင့်ရမယ့် သဘောရှိပါတယ် ”ဟု NLDပါတီမွန်ပြည်နယ် ဥက္ကဋ္ဌ ဦးခင်ဆောင်ကကြား ပြောသည်။

မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ က ၁၇နေရာ၊ မွန်အမျိုးသားပါတီက ၁နေရာ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ၁နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁နေရာ တို့ အနိုင်ရရှိထားသည်။

Leave a Reply