( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့အစည်းအဝေး ကျင်းပ နေစဉ် )

မော်လမြိုင် ၊မတ် ၂ ။ ။ မွန်ပြည်နယ် လွှတ်တော်တွင် ရေးရာကော်မတီ ခြောက် ခု ဖွဲ့စည်းရန် လျာထားကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ ကပြောကြားသည်။

( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့အစည်းအဝေး ကျင်းပ နေစဉ် )
( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့အစည်းအဝေး ကျင်းပ နေစဉ် )
>မတ်လ ၁ ရက်နေ့က ကျင်းပပြုလုပ်သော မွန်ပြည်နယ် လွှတ်တော် လေ့လာရေးဆိုင်ရာ အထူး အစည်း အဝေးအပွဲတွင် လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းရေးကိစ္စကိုဆွေးနွေးခဲ့ပြီး ကော်မတီ ၆ ခု ဖွဲ့စည်း ရန် လျာထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ မနှစ်ကလွှတ်တော်က ငါးခုလို့ပြောတယ် ၊ဒီလွှတ်တော်မှာကြတော့ ခြောက်ခုလောက်လုပ်ထားပြီးတော့ ထပ်တိုးချင်လည်းတိုးမှာ ဖြစ်ပါတယ်” ဟု ဒေါ်တင်အိကပြောသည်။

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားရေးရာကော်မတီ ၊ဥပဒေကြမ်းကော်မတီ ၊လွှတ်တော် ကိုယ်စား လှယ်များစီစစ်ရေး ကော်မတီ ၊အထွေထွေကိစ္စရပ်များ လေ့လာစီစစ်ရေးကော်မတီနှင့် ဥပဒေများကို လေ့လာသုံးသပ်ရေး ကော်မတီများကိုဖွဲ့စည်းထားသည်။

ဒုတိယအကြိမ် လွှတ်တော်တွင် မှု အဆိုပါ ကော်မတီ ငါးခုအပြင် စီးပွားရေး နှင့် စီမံသုံးသပ်ရေး ကော်မတီ တစ် ရပ် ကို ထပ်တိုးဖွဲ့စည်း ရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ ကော်မတီထဲမှာ လုပ်ချင်တဲ့ဆန္ဒရှိတဲ့လူတွေနဲ့ပဲဖွဲ့မယ် ၊ပြင်ပက ပညာရှင်တွေကိုလည်း ဖိတ်ခေါ်မှာဖြစ်ပြီး သူတို့ကိုစတင်ချဉ်းကပ်နေပြီဖြစ်ပါတယ် ၊ကော်မတီတွေကို ပညာရှင်တွေမပါပဲနဲ့ အလောတကြီး မဖွဲ့သေးဘူး” ဟု ဒေါ်တင်အိကပြောသည်။

ကော်မတီဖွဲ့စည်းရာတွင် နာမည်ကောင်းရှိသော ပညာရှင်များ၏ အချက်အလက်များကို စားရင်းပြုစုအ တည်ပြု ကာ ခေါ်ယူသွားခန့်အပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ် လွှတ်တော် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်အများ စု အနိုင်ရထား သော်လည်း အခြား ပါတီ မှ လွှတ်တော် ကိုယ်စားလှယ် များကို ပါရေးရာ ကော်မတီ ဥက္ကဋ္ဌ နေရာများ တာဝန်ပေးရန် စီစဉ်ထားကြောင်း ဒေါ်တင်အိကဆိုသည်။

အဆိုပါ ရေးရာကော်မတီ များကို မွန်ပြည်နယ် အစိုးရ ဖွဲ့စည်းပြီးချိန် တွင် အပြီးသတ် ဖွဲ့စည်းရန် စီစဉ်ထားကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များထံ မှသိရှိရသည်။

Leave a Reply