မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးတာဝန် ယူထားသောစည်ပင်သာယာရေးဝန်ကြီးနေရာနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းနေမှု များကိုလွှဲပြောင်းပေးရန်စီစဉ်လျက်ရှိကြောင်းမွန်ပြည်နယ် အစိုးရအဖွဲ့ ထံ မှ သိရှိရသည်။

MMO

လက်ရှိအချိန်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ မွန်ပြည်နယ်
ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူကိုင်တွယ်နေရသည့်အတွက် အခက်အခဲများရှိ နေပြီးလုပ်ငန်းများတာဝန် ကြီးလေးသောကြောင့် လွှဲပြောင်းပေးရန်စီစဉ် ရခြင်း ဖြစ်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

“ကျွန်တော် ဒီတာဝန်တွေကိုလုပ်နိုင်တဲ့ လွှဲပေးလို့ရတဲ့ သူကိုရွေးချယ် နေပါတယ်”ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ က တိုက်ရိုက်ခန့်အပ်
ခြင်းဖြစ်ပြီးပြည်နယ်အစိုးရအဖွဲ့ကိုမူဝန်ကြီးချုပ်ကရွေးချယ်ခန့်အပ်ရသည်။

အဆိုပါ အစိုးရအဖွဲ့စတင် ဖွဲ့စည်းစဉ်ကမွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများကိုပူးတွဲကိုင်ရခြင်းသည် ဝန်ကြီး ဌာနများကိုပါတီမူဝါဒအရလျှော့ချဖွဲ့စည်းချင်သည့်အတွက်ကြောင့် ပူးတွဲတာဝန် ထမ်းဆောင်ခြင်းဖြစ်ကြောင်းမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

“အမှန်ကဝန်ကြီးဌာနတွေတွဲကိုင်ရတဲ့အတွက် ကျွန်တော်မှာနည်းနည်းပြဿနာလေးတွေရှိတယ်။ ဒီဟာကိုအမှီပြုပြီး ပြဿနာလေးတွေ အနည်းငယ်ရှိတဲ့အတွက်၊နောက်ပိုင်းမှာဝန်ကြီးချုပ်အနေနဲ့ပဲ
တာဝန်ယူတော့မယ်”ဟုမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

အဆိုပါ ဝန်ကြီးနေရာကိုမည်သည့်အချိန်တွင်လွှဲပြောင်းခန့်အပ်မည်ကိုအတိအကျ မပြောလိုကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်(စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီဌာန)၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး၊ လူမှုရေးဝန်ကြီး၊
အပါအဝင် ဝန်ကြီးဌာန ၇ခုဖြင့်ဖွဲ့စည်းထားသည်။

တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် မွန်ပြည်နယ်တွင် ဝန်ကြီးချုပ် တာဝန်အပြင် စည်ပင်သာယာရေးကော်မတီနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသည်။

Leave a Reply