မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်း ဦးသည် လက်ရှိ ၎င်းတာဝန် ထမ်းဆောင် နေသည့် ဝန်ကြီးချုပ် ရာထူးမှ အနားယူ လိုကြောင်း ဦးဝင်းထိန်အား နှုတ်ဖြင့် တင်ပြ ခဲ့သည်ဟု NLD ပါတီ၏ အလုပ်အမှုဆောင် နှင့် ပါတီဝင်များ ၊ လွတ်တော် ကိုယ်စားလှယ်များ ပါဝင် ခဲ့သည့် အစည်းအဝေး၌ အသိပေး ခဲ့ကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် လွတ်တော် ကိုယ်စားလှယ် တို့မှ ဟင်္သာ မီဒီယာသို့ အတည်ပြု ပြောကြား ခဲ့သည်။ U Min Min Oo

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက “ဦးမင်းမင်းဦးက အစည်း အဝေးမှာ နုတ်ထွက် မယ်လို့ ပြောတာတော့ ဟုတ်တယ်” ဟု ဟင်္သာ မီဒီယာအား ပြောကြား ခဲ့သည်။
သထုံ မဲဆန္ဒနယ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ ကလည်း “ အဲဒါကိုတော့ ကျွှန်တော်တို့ ပြောလို့ ရတယ် ၊ ကျွှန်တော်တို့ ပါတီ အစည်းအဝေးမှာလည်း မှတ်တမ်း ရှိတယ်၊ တရားဝင် ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာလ (၅) ရက်နေ့က အစည်းအဝေးမှာ ပြောထားတာ” ဟု ဦးအောင်ကျော်သူက ပြောသည်။
သို့သော်လည်း အစည်းအဝေး တက်ရောက် လာသည့် သူများကမူ ဦးမင်းမင်းဦးအား နုတ်ထွက်မည့် အရေးကို ပြန်လည် စဉ်းစား ရန်နှင့် တရားဝင် စာတင်၍ နုတ်ထွက်ခြင်း မပြုလုပ် စေလိုကြောင်း ဆွေးနွေး ခဲ့သည်ဟု မွန်ပြည်နယ် ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။
“အစည်း အဝေး နေ့က ဝန်ကြီးချုပ်က ပြောတယ်၊ ကျွန်တော် ဦးဝင်းထိန်ကိုတော့ ပြောထားတယ်၊ ကျွန်တော် အနားယူ တော့မယ်လို့ အစည်း အဝေးမှာ ပြောတယ်၊ အန်တီတို့ အစည်းအဝေး တက်တဲ့ အဖွဲ့က မထွက်ဖို့ တားတယ်၊ နောက်ပြီး အန်တီတို့ ဝိုင်းကူညီ ကြမယ်လို့ ပြောခဲ့တယ်၊ ဒီကိစ္စက စာနဲ့ပေနဲ့ တရားဝင် ထွက်စာ တင်တယ်လို့ မကြားသေးဘူး” ဟု မွန်ပြည်နယ် ပအိုပ်း တိုင်ရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဟင်္သာ မီဒီယာအား ပြောဆို ခဲ့သည်။
အဆိုပါ ကိစ္စရပ် များကို အတည်ပြု မေးမြန်း နိုင်ရန် အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား ဟင်္သာမီဒီယာမှ ကြိုးစား ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဘီးလင်း မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရ ခဲ့သည့် ဦးမင်းမင်း ဦးသည် လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူး အပြင် ပြည်နယ် စည်ပင် သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာန တို့ကို ပူးတွဲ ကိုင်တွယ် ထားသည်။

Written by – ရွှေစင်၊ ဇော်ထိုက်

Leave a Reply