“အရေးယူမှု အဖြေ ကတော့ ကျွန်တော် ခန့်မှန်း တာပဲဗျာ၊ တစ်ပတ် ဆယ်ရက်လောက် ဆိုရင်တော့ ထွက်ပါ လိမ့်မယ် ခင်ဗျာ၊ အဖြေကိုတော့ ကျွန်တော်တို့ ပြောလို့ မရဘူး”ဟု ဦးဥာဏ်ဝင်းက စစ်ဆေးနေမှု အခြေအနေများအား ဟင်္သာမီဒီယာအား ပြောကြားသည်။
“အရေးယူမှု အဖြေ ကတော့ ကျွန်တော် ခန့်မှန်း တာပဲဗျာ၊ တစ်ပတ် ဆယ်ရက်လောက် ဆိုရင်တော့ ထွက်ပါ လိမ့်မယ် ခင်ဗျာ၊ အဖြေကိုတော့ ကျွန်တော်တို့ ပြောလို့ မရဘူး”ဟု ဦးဥာဏ်ဝင်းက စစ်ဆေးနေမှု အခြေအနေများအား ဟင်္သာမီဒီယာအား ပြောကြားသည်။
“အရေးယူမှု အဖြေ ကတော့ ကျွန်တော် ခန့်မှန်း တာပဲဗျာ၊ တစ်ပတ် ဆယ်ရက်လောက် ဆိုရင်တော့ ထွက်ပါ လိမ့်မယ် ခင်ဗျာ၊ အဖြေကိုတော့ ကျွန်တော်တို့ ပြောလို့ မရဘူး”ဟု ဦးဥာဏ်ဝင်းက စစ်ဆေးနေမှု အခြေအနေများအား က ဟင်္သာမီဒီယာအား ပြောကြားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၀

တိုင်ကြားမှု များကြောင့် စုံစမ်းရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေး ခံနေရသည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို အရေးယူမည့် အဖြေအား ရက်ပိုင်း အတွင်းတွင် သိရှိ ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လေ့လာ သုံးသပ်ရေး ကော်မရှင် အဖွဲ့ ခေါင်းဆောင် ဦးဥာဏ်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။
“အရေးယူမှု အဖြေ ကတော့ ကျွန်တော် ခန့်မှန်း တာပဲဗျာ၊ တစ်ပတ် ဆယ်ရက်လောက် ဆိုရင်တော့ ထွက်ပါ လိမ့်မယ် ခင်ဗျာ၊ အဖြေကိုတော့ ကျွန်တော်တို့ ပြောလို့ မရဘူး”ဟု ၎င်းက ဟင်္သာမီဒီယာအား ပြောကြားသည်။

အဆိုပါ စုံစမ်း စစ်ဆေးမှု ရလဒ်ကို နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ရုံးသို့ ပို့ဆောင် ထားခြင်း ရှိမရှိကို ၎င်းအနေနှင့် မသိရှိ ထားသေးကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။

ထိုကိစ္စ များနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှု ရလဒ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ထုတ်ပြန် ကြေညာ သွားမည်ဟု သိရှိ ထားရကြောင်းလည်း လေ့လာ သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးကျော်ဟိုးက ပြောကြားသည်။

“ကျွန်တော်က CEC က မဟုတ်တော့ ဘာမှ မသိဘူး။ ဒါတွေအကုန်လုံးက CEC က လုပ်ဆောင်တာ ဆိုတော့၊ ဒါပေမယ့် စစ်ဆေးမှု ရလဒ်ကိုတော့ CEC က တရားဝင် ထုတ်ပြန် မယ်လို့ ပြောတာပဲ”ဟု ၎င်းက ဟင်္သာမီဒီယာသို့ ရှင်းပြ ပြောဆို ခဲ့သည်။

တိုင်ကြားမှု များကြောင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရုံးတွင် ဒီဇင်ဘာလ (၁၁) ရက်နေ့ မွန်းလွဲ ပိုင်းက စတင်ကာ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီး မှတ်တမ်းများ ရယူ ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါ်ယူ စစ်ဆေးမှုတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တနင်္သာရီ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုဥက္ကဋ္ဌ ဦးကြည်စိုး တို့ကိုလည်း လေ့လာ သုံးသပ်ရေး အဖွဲ့က စစ်ဆေး ပြီးနောက် တနင်္သာရီတိုင်း နှစ်ဦးထဲမှ တစ်ဦးသည် ရှိသင့်၊ ရှိထိုက်သည့် သိက္ခာများနှင့် မညီဟု စိစစ် တွေ့ရှိ ခဲ့ကြောင်း ယင်းကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ထားသည်။

ယင်းအပြင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးတွင်လည်း အပြစ် ရှိသည်ကို တွေ့ရှိ ရသည့်အတွက် အရေးယူ မှုများ ပြုလုပ် သွားမည် ဖြစ်ပြီး မည်သည့်ပုံစံ အရေးယူ ဆောင်ရွက် သွားမည်ကို မသိရှိကြောင်း လေ့လာ သုံးသပ်ရေး ကော်မရှင် ထံမှ သိရှိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်အား ပါတီဗဟိုမှ စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အရေးယူ မှုများ ပြုလုပ်သွားရန် ရှိကြောင်း ဆိုသည့် ဦးဥာဏ်ဝင်း၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ မွန်ပြည်နယ် တွင်းရှိ NLD ပါတီဝင် လွှတ်တော် အမတ်နှင့် အစိုးရ အဖွဲ့ဝင်တို့၏ သဘောထား မှတ်ချက်များအား မေးမြန်း ခဲ့ရာ၌ –
မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပါတီဗဟိုမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှု အပိုင်းကိုလည်း ပါတီ ဗဟိုမှ ပြုလုပ်သွားမည် ဖြစ်၍ သီးခြား မှတ်ချက် မပေးလိုကြောင်း ဖြေကြား ခဲ့သည်။

သထုံမဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ ကမူ “ဒီလုပ်ငန်းရဲ့ လုပ်ဆောင်ချက် Procedure ကို ကျွန်တော်တို့ မသိရဘူး၊ ပါတီ ဗဟိုကပဲ ဆုံးဖြတ် မလား၊ လေ့လာ သုံးသပ်ရေး အဖွဲ့ကပဲ ဆုံးဖြတ် မလား စသည်ဖြင့်ပေါ့၊ ဒီလို တိတိကျကျ မသိထား ရတော့ ထင်မြင်ချက် မပေးလိုပါဘူး” ဟု မေးမြန်းချက်အား ပြန်လည် ဖြေကြား ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် လွှတ်တော် အစည်းအဝေး ပျက်ကွက်ခြင်း ၊ လွှတ်တော်မှ အတည်ပြု ထားသည့် အဆိုများ၊ မေးခွန်းများအား အကောင်အထည် ဖော်နိုင်မှု အားနည်းခြင်း စသည့် အချက်များ အပါအဝင် အချက် (၆) ချက်ခန့်ဖြင့် အတိုင်ကြား ခံထားရခြင်း ဖြစ်သည်။
တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ကိုမူ ၎င်းတို့နှင့် နီးစပ်သည့် သူများကို လွှတ်တော် အဆောက်အဦ ဆောက်လုပ်ရေး လုပ်ပိုင်ခွင့် ချပေး ခဲ့သည် ဟူသည့် စွပ်စွဲချက်ဖြင့် တိုင်ကြား ခံရခြင်း ဖြစ်သည်။

အောင်ကျော်ထွန်း

Leave a Reply