“အရေးယူမှု အဖြေ ကတော့ ကျွန်တော် ခန့်မှန်း တာပဲဗျာ၊ တစ်ပတ် ဆယ်ရက်လောက် ဆိုရင်တော့ ထွက်ပါ လိမ့်မယ် ခင်ဗျာ၊ အဖြေကိုတော့ ကျွန်တော်တို့ ပြောလို့ မရဘူး”ဟု ဦးဥာဏ်ဝင်းက စစ်ဆေးနေမှု အခြေအနေများအား ဟင်္သာမီဒီယာအား ပြောကြားသည်။

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်မည့်သူအနေဖြင့် တိုင်းရင်းသားအရေးကို အလေးပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတထံ နုတ်ထွက်စာတင်ထားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက ဖေဖော်ဝါရီ ၂၀ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“အဓိက အနေနဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်ကို မှာချင်တာကတော့ တိုင်းရင်းသားအရေးကို အလေးပေး လုပ်ဆောင်ဖို့ပေါ့၊ ကျွန်တော်ဒီစကားကို အမြဲပြောပါတယ်၊ မွန်ပြည်နယ်မှာ အုပ်ချုပ်နေတာ မွန်တိုင်းရင်းသားကို အလေးထားတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားအများစု နေထိုင်ကြပြီး၊ မွန်တိုင်းရင်းသားများသည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့သူများဖြစ်၍ ဇာတိသွေးဇာတိမာန် မြင့်သူများဖြစ်ကာ တိုင်းရင်းသားတို့၏ ရင်တွင်းခံစားချက်များကို အလေးထားစေလိုကြောင်းနှင့် ယင်းမှသာလျှင် ပင်လုံကို တည်ဆောက်၍ မရနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

နောက်တက်မည့် မွန်ပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် ဒေါက်တာအေးဇံကို လျာထားကြောင်း NLD ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်၏ ပြောဆိုမှုများနှင့်ပတ်သက်၍ ဦးမင်းမင်းဦးက “အခု လက်ရှိကတော့ ပါတီအတွင်းမှာပဲ ရှိတဲ့အတွက် ဆရာတပည့်တွေပါပဲ၊
အရင်ကတည်းကလည်း အတူတူလုပ်ခဲ့တဲ့သူတွေ ဘာမှပြောစရာမလိုပါဘူး၊ ဝန်ကြီးချုပ်ဖြစ်မယ်ဆိုလည်း လုပ်နိုင်မှာပါ၊ ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောဆိုခဲ့သည်။

Written by – ဟိန်းထက်

Leave a Reply