မွန်ပြည်နယ် အစိုးရ လုပ်ငန်းတာဝန်ယူများ စတင်ထမ်းဆောင်လာသည်မှာ ၄လခန့်ရှိပြီဖြစ် သည်။ မွန်ပြည် နယ် အစိုးရ သည်ကား ယခင် အစိုးရ ဟောင်း ထားခဲ့သော ကောင်းမွေဆိုးမွေ များ ဆက်ခံ နေရသည်။

mcl

မွန်ပြည်နယ် အစိုးရ သစ်တွင် ကား ယခင် အစိုးရ ဟောင်း ထားခဲ့သော လူထု မကြိုက်သော စီမံကိန်း အမွေများ ကိုလည်း လက်ခံ ထားရပေသည်။
ယင်းစီမံကိန်း ကို ပြည်သူ လူ ထုဖြေရှင်း ပေးရန် အစိုးရ သစ်တက်နှင့် တောင်းဆို ခဲ့သည်။ အစိုးရ နှင့် လွှတ်တော် ကလည်း ဖြေရှင်းရန် ဆောင်ရွက် ခဲ့သည်။ သို့ သော်ထို စီမံကိန်းများ မွန်ပြည်နယ် အစိ်ုးရ ကို စားမေးပွဲ စစ် သကဲ့သို့ အတွက် ခက်သော ပုစ္ဆာများ အသွင် ဆောင်နေသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် ကို စောင့်မျှော်နေသည့် မွန်ပြည်နယ်၏ အဓိက အကျဆုံး ပြသာနာများများ ကျောက်မိုင်း ကိစ္စ၊ ကျောက်မီးသွေးထုတ်လုပ်မှု ပြသာနာနှင့် အမှတ်၆ တိုးချဲ့ကမ်းနားလမ်း
စီမံကိန်း အရှုပ်အရှင်းကိစ္စများဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုကြသည်။

အဆိုပါ စီမံကိန်းများ ထံ မှ နှစ်ခု မှ ပြည်ထောင်စု အစိုးရ နှင့် ပါ သက်ဆိုင် နေသောကြောင့် ဖြေရှင်း ရန် ထင်တိုင်းမပေါက် ဟု လွှတ်တော် ကိုယ်စားလှယ်အချို့ က သုံးသပ် ကြသည်။

ဥတံ္တတားကျေးရွာ၏ လယ်များမှာ ကျောက်မိုင်းလုပ်ငန်းမှထွက်ရှိလာသည့် သဲနုန်းများကြောင့် လယ်လုပ်ငန်း လုပ်ကိုင်ရန်အခက်အခဲများဖြစ်ပေါ်ခြင်း၊ ချောင်းရေများတိမ်ကောလာခြင်းစသည့် အန္တရာယ်များ ကိုခံစားနေရ ကြောင်း အဆိုပါကျေးရွာမှဒေသခံများက ဆိုကြသည်။

“တစ်ချို့ကိစ္စတွေကကျတော့ ပြည်နယ်အစိုးရဆုံးဖြတ်ချက်နဲ့ လုပ်လို့ရသလို တစ်ချို့ ကိစ္စတွေက ပြည်ထောင်စု အစိုးရ ဆုံးဖြတ်မှရတာ၊ ဒီကိစ္စတွေက ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ပေးရမယ့် ပြသာနာတွေဖြစ်နေတယ်”ဟု သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကဆိုသည်။

သို့သော် ပြည်သူ လူထုက မှု ထိုပြဿနာ များ မွန်ပြည်နယ် အစိုးရ မည်သို့ ဖြေရှင်း မည် ကို စောင့်ကြည့် နေသည်။

သဘာဝပတ်ဝန်း ကျင်အရေး လှူပ်ရှား သူ ဦးဘိုဘိုဝင်းက စမံကိန်းများ ထဲ မှ တစ်ခု ဖြစ်သော MCL ဘိလပ်မြေစက်ရုံ ကိုစက်မီးသွေး မှထုတ်သည့် လျှပ်စစ် ဖြင့် လည် ပတ်မည့် ကိစ္စ ကို အမြန်ဆုံးခြေရှင်း တောင်းဆိုသည်။

ကျောက်မီးသွေးမှ ထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကြောင့်လည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင် သည့်အတွက် အပြင်းအထန်ကန့်ကွက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့သာမက ထို ပြသာနာများကို ဖြေရှင်းနိုင်ရန် မွန်ပြည်နယ် လွှတ်တော် ကလည်း
ကော်မတီများဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ
အောင်နိုင်ဦးက ဆိုသည်။

MCL ဘိလပ်မြေ စက်ရုံကျောက်မီးသွေး အသုံးပြု၍ လျှပ်စစ်မီးထုတ်လုပ်ခြင်း နှင့် Long life Agregate Mining ကုမ္ပဏီ လုပ်ကိုင်နေသည့် ကျောက်မိုင်းလုပ်ငန်းတို့ကို ယခင် ပြည်ထောင်စု အစိုးရက ခွင့်ပြုထားခြင်းဖြစ်
ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း
ကဆိုသည်။

ပြည်ထောင်စု အစိုးရက အဆိုပါစီမံကိန်းများကို ပြည်သူလူထုက တိုင်ကြားနေလာသဖြင့် မြန်ဆုံးဖြေရှင်းပေး နိုင်ရန် ပြည်နယ် အဆင့် ကော်မတီဖွဲ့ကာစုံစမ်း စစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း ဆိုသည်။

အဆိုပါ ကိစ္စကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့ကာ ကွင်းဆင်းစစ်ဆေးနေကြောင်း
ဆိုသည်။

ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မြို့နယ် သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသ ခံများ ပါဝင်သည့် စုံးစမ်းစီစစ်ရေးအဖွဲ့ ဖွဲ့စည်းကာ အဆိုပါ စက်ရုံ များကို ကွင်းဆင်း စစ်ဆေးမှုများပြုလုပ် နေကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ကွင်းဆင်းစစ်ဆေးမှုရလဒ်များကို ပြည်ထောင်စုအစိုးရထံ အစီရင်ခံစာ တင်ပြကာ အဆိုပါ စီမံကိန်းများရပ်ဆိုင်း
သင့် မဆိုင်းသင့်ကို ပြည်ထောင်စု အစိုးရကဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆိုသည်။

“ဆိုလိုချင်တာက ဒီကျောက်မိုင်းကိစ္စနဲ့ကျောက်မီးသွေးကိစ္စ ပတ်သက်ပြီးတော့ပြည်နယ်အစိုးရက ပြည်နယ် အစိုးရက ဘာမှအလုပ် မလုပ်ဘူးလားဆိုပြီးလူထုက အော်နေတာ၊လုပ်နေတာကိုလည်း လူထုကမသိဘူး၊”ဟု ဒေါက်တာမင်းကြည်ဝင်းဆိုသည်။

အဆိုပါ ကိစ္စများသည် ပြည်သူလူထုတိုင်ကြားချက်များနှင့် လက်တွေ့ဖြစ်ပေါ်ခြင်းရှိမရှိ စစ်ဆေးပြီးမှသာ
ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့ကဆိုသည်။

MCL ဘိလပ်မြေ စက်ရုံသည် စက်ရုံတည်ဆောက်သည့် အဆင့်သာရှိနေပြီး စက်ရုံ စတင်လည်ပတ်မည်
ဆိုပါက ပြည်နယ် အစိုးရအဖွဲ့ထံ ကျောက်မံသွေးဖြင့် လျှပ်စစ်ထုတ်လုပ်ခွင့် တောင်းခံရမည်ဖြစ်သည်။

ထိုသို့တောင်းခံလာပါ ပြည်နယ်အစိုးရအနေဖြင့် တစ်လ သို့ နှစ်လ အထိ ခွင့်ပြု၍ လုပ်ငန်းလည်ပတ်
မှုများ၏ ဘေးထွက် ဆိုးကျိုးများ ရှိမရှိကို စစ်ဆေးရမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

“တွေ့တဲ့ဘေးထွက်ဆိုးကျိုး တွေကို ဘယ်လောက်ထိဖြစ်သွားလဲ၊ ဒါကိုဘယ်လိုတားဆီးမလဲကာကွယ်မလဲ ၊တကယ်လို့တားဆီးလို့မရဘူး ဆိိုရင်လညး် ထုတ်လုပ်မှုတစ်ခုလုံး ကိုပြန်ပြင်၊ပြင်လို့မရတော့ဘူးဆိုရင်တော့ ရပ်ဖို့ပဲရှိတော့တာပေါ့၊” ဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

မွန်ပြည်နယ် လွှတ်တော် ကလည်း အဆိုပါ စီမံကိန်း ကိစ္စများကို ဒေသခံများက တိုင်းကြားမှုများရှိနေသဖြင့်
သက်ဆိုင်ရာ လွှတ်တော် ရေးရာကော်မတီများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မွန်ပြည်နယ် လွှတ်
တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုလေသည်။

ရေးရာ ကော်မတီများ၏ စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာရေး၍ မကြာမီကျင်းပမည့် လွှတ်တော် အစည်း
အဝေးတွင် တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီး ပြည်နယ် အစိုးရက ဆက်လက်အကောင်အထည်
ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။

“လွှတ်တော်ဘက်ကတော့ ကမ်းနားလမ်းကိစ္စ၊ကျောက်မိုင်းကိစ္စနဲ့ ပတ်သက်ပြီး အများကြီးလုပ်နေတယ်၊ ကမ်းနားလမ်းကိစ္စကို စုံစမ်းတယ်၊ကော်မတီဖွဲ့တယ်၊မြေစာရင်းနဲ့ပတ်သက်ပြီးတော့လည်း ကမ်းနားလမ်း ကိစ္စစုံစမ်းဖို့ ပညာရှင်တွေခေါ်တယ်၊”ဟု ဒေါ်တင်အိကဆိုသည်။

အပြင် အဆိုပါ စီမံကိန်းကြောင့် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည့်အတွက်
လွှတ်တော်သို့ တိုင်ကြားမှုများလည်း ရှိကြောင်း ဆိုသည်။

လပြည့်လကွယ်ရက်များတွင် ရေလွှမ်းမိုးမှုကိုခံရသည့် ကမ်းနားလမ်းအပိုင်း ၆စီမံကိန်းနှင့်ပတ်သက်ပြီး ယခင်အစိုးရနှင့်သဘောတူညီထားမှုများတွင် အရှူပ်အရှင်းများရှိသည့််အတွက် လွှတ်တော်က မြေစာရင်း ပညာရှင်များပါဝင်သည့် ကော်မတီဖွဲ့ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထို့နောက် ကော်မတီက စစ်ဆေးတွေ့ရှိချက်များကို အခြေခံပြီး ရရှိလာသည့် အစီရင်ခံစာတစ်ရပ်ကို ဇွန်လ ၃ဝရက်နေ့ ကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် တင်ပြခဲ့ပြီးလာမည့်လွှတ်တော်တွင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ ဒေါ်တင်အိကပြောသည်။

ကမ်းနားလမ်းအပိုင်း ၆စုံစမ်းစစ်ဆေးရေးကော်မတီကထုတ်ပြန်သည့် အစီရင်ခံစာသည် စာချုပ်တွင်ပါရှိသည့် အချက်အလက်များအနက်မှ ကွဲလွဲမှုများကို အဓိကဆွေးနွေးတင်ပြခဲ့ပြီး ဘက်လိုက်မှုကင်းသည့် အစီရင်ခံစာ တစ်စောင်ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးကဆိုသည်။

အဆိုပါ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုဆွေးနွေးပြီးပါက အစိုးရအဖွဲ့က ကိုင်ကွယ်ဖြေရှင်းပေး
ရမည်ဖြစ်ကြောင်း ဆိုလေသည်။

လက်ရှိ အချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များသည် မွန်ပြည်နယ် လူထု အပေါ်ထိ
ရောက်မှု တစ်စုံတစ်ရာမရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

အဆိုပါ ပြသနာများကိုဖြေရှင်ပေးနိုင်မည်ဆိုပါက မွန်ပြည်နယ် အစိုးရအနေဖြင့် ပြည်သူလူထု၏ ယုံကြည်မှု
ရရှိနိုင်လိမ့်မည်ကြောင်း ဆိုကြသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏လုပ်ဆောင်ရည် စွမ်းဆောင်ရည်များအပေါ် ဝေဖန်နေမှုများကို တုံ့ပြန်နိုင်သော အကောင်းဆုံးနည်းလမ်းမှာ အဆိုပါ ပြသာနာများကို အမြန်ဆုံးဖြေရှင်းနိုင်ရန် အလုပ်နှင့် သက်သေပြရမည် ဖြစ်သည်။

Leave a Reply