မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အတွက် အမှိုက်ကား ၁၅ စီးခန့် လိုအပ်နေပြီး၂၀၁၆ – ၂၀၁၇ခုနှစ်ဘဏ္ဍာရေးနှစ်တွင်ဝယ်ယူသင့်ကြောင်းမွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးဇံကပြောကြားသည်။
car

စည်ပင်သာယာအဖွဲ့အနေဖြင့် လမ်းထပ်ပိုးလွှာများခင်းခြင်းကိုလျှော့ပြီးအမှိုက်သိမ်းစနစ်အတွက် အမှိုက်သိမ်းယာဉ်နှင့် ဝန်ထမ်းများကိုခန့်အပ်ကာအမှိုက်ပြဿနာများကိုဖြေရှင်းသင့်ကြောင်း ၎င်းက ဆိုသည်။

“ကျိုက်ထိုမှာကဒီနှစ်သိန်း ၄၇၀ဝ ကောက်လို့ရတယ်၊သိန်း၄၇၀ဝ ရဲ့၃၀ ရာခိုင်နှုန်းဟာဝန်ထမ်းလစာဖြစ်နေတယ်၊ ကျန်တဲ့ဟာကစည်ပင်ကသုံးရမယ်၊ သုံးရမယ်ဆိုတော့ စည်ပင်ကဘယ်မှာသုံးမလဲဆုံးဖြတ်ချက်ချတဲ့နေရာမှာလမ်းတံတားတွေကိုဦးစားပေးပြီးသုံးနေတာတွေ့ရတယ်၊အမှိုက်သိမ်းယာဉ်တွေဘက်မှာအားနည်းနေတာကိုတွေ့ရတယ်”ဟုဒေါက်တာအေးဇံကပြောသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘတ်ဂျက်ကိုပြန်လည် ရေးဆွဲသင့်ပြီးအမှိုက်သိမ်းယာဉ်များကိုမော်လမြိုင်မြို့နယ်တွင် ငါးစီး၊ အခြားမြို့နယ်များတွင် တစ်စီးစီထပ်မံထားရှိသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ကားနှစ်စီးသာဝယ်ယူမည် ဖြစ်ကြောင်း၂၀၁၆ – ၂၀၁၇ ခုဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းအရသိရသည်။

Leave a Reply