မွန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပိုမိုရရှိ စေရန် ထရန်စဖော်မာအသစ် ၇၈ လုံးကိုတပ်ဆင် မည်ဖြစ်ကြောင်းမွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီးမင်ထင်အောင်ဟန်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

transforemer

“ကျွန်တော်တို့အနေနဲ့ လက်ရှိမှာထရန်စဖော်မာတွေ တပ်ဆင်ဖို့အတွက် တင်ဒါတွေ ခေါ်နေတယ်၊ ထရန်စဖော်မာ ၃၃ လုံးကိုတော့ ဒီနှစ်အတွင်းတတ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါထရန်စဖော်မာများတပ်ဆင်ပြီးပါကမွန်ပြည်နယ်အတွင်းမီးမကြာခဏပျက်နေခြင်းများလျော့နည်းသွားမည်ဖြစ်ကြောင်းက ၎င်းကဆိုသည်။
အဆိုပါ ထရန်စဖော်မာများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းမော်လမြိုင်ခရိုင်တွင် ၁၄ လုံးနှင့် သထုံခရိုင်တွင် ၁၉ လုံးကိုတပ်ဆင်ပေးမည်ဖြစ်ကြောင်းဦးမင်းထင်အောင်ဟန်ကပြောကြားသည်။

ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထရန်စဖော်မာ ၄၅ လုံးကိုမော်လမြိုင်ခရိုင် ၁၇ လုံးနှင့် သထုံခရိုင် ၂၈ လုံးကိုတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ ထရန်စဖော်မာများကို ပြည်ထောင်စုအစိုးရအဖွဲ့ကချပေးခြင်းဖြစ်ပြီးကမ္ဘာချေးငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်းဦးမင်းထင်အောင်ဟန်ကပြောကြားသည်။

ယခုနှစ် မွန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပိုမိုကောင်းမွန်စွာအသုံးပြုနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားလိုင်းခွဲရုံများကိုငွေကျပ် သန်း ၄၀ဝ၀ ကျော်သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထရန်စဖော်မာများတပ်ဆင်ရန်နှင့် အခြားလျှပ်စစ် လိုအပ်ချက်များကို ပြင်ဆင်ရန် တင်ဒါများကိုဇူလိုင် ၆ ရက်နေ့ကမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ခေါ်ယူခဲ့ပြီးအဆိုပါ လုပ်ငန်းများကို ၂၀၁၇ ခုနှစ် မတ်လတွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Leave a Reply