မွန်ပြည်နယ်တွင် ယခင်တပ်မတော် အစိုးရလက်ထက်က သိမ်းဆည်းထားသည့် မြေဧက ၈၀ဝကျော်ကို ဒုတိယ သမ္မတ (၂) ဟင်နရီဗန်ထီးယူ ကိုယ်တိုင် မူလ ပိုင်ရှင်ထံပြန်ပေး မည် ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

Military field

“ဌာနဆိုင်ရာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကသိမ်းထားတဲ့ မြေတွေကို ကော်မရှင်အဖွဲ့တွေက စုံစမ်းပြီးတော့ တို့မွန်ပြည်နယ်မှာပြန်ပေးဖို့ကျန်နေတဲ့မြေတွေကို အစီရင်ခံစာတင်ပြီး ပြန်ပေးမှာဖြစ်ပါတယ်” ဟု ဦးထွန်းဌေးက ပြောသည်။
ဒုသမ္မတဦးဟင်နရီဗန်ထီးယူက မွန်ပြည်နယ်အတွင်းရှိ ပြန်ပေးရန်ကျန်နေသေးသည့် လယ်မြေကိစ္စနှင့် ပတ်သက်၍ စိစစ်ပြီးစီးပါက ၎င်းကိုယ်တိုင်မြေပိုင်ရှင်ထံသို့ လာရောက်ပေးအပ်သွားမည် ဖြစ်ကြောင်း ဦးထွန်းဌေးထံမှသိရသည်။

ခေတ်အဆက်ဆက်က သိမ်းဆည်းထားသည့်လယ်ယာမြေပြဿနာများ ပြန်လည်စိစစ်ရန် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် စိစစ်ပြီးစီးထားသည့် မြေများကို ပြန်လည် ပေးအပ်မည်
ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မွန်ပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီက ပြန်ပေးရန်စိစစ်ထားပြီးသားမြေများ၊ ပြည်ထဲရေးဝန်ကြီးဌာန ကို စီမံကိန်းမရှိဟုကြော်ငြာရန် ကျန်နေသည့်မြေများ၊နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းခဲ့သည့် မြေများ အပါအဝင် ဧကပေါင်း ၈ဝဝကျော်ခန့် ကိုလုပ်ထုံးလုပ်နည်းအရအဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောသည်။

“ ဇွန်လမှာတော့ ပြန်အပ်နိုင်ဦးမှာမဟုတ်ဘူး၊ လောလောဆယ်မှာ စိစစ်နေဆဲအပိုင်း တွေရှိနေသေးတဲ့ အတွက်ကြောင့်ပါ” ဟု ၎င်းက ထပ်မံပြောသည်။

ယခင်အစိုးရလက်ထက် မြေအသုံးချစီမံခန့်ခွဲမှုဗဟိုကော်မတီထံသို့ သီးခြားတိုင်ကြားထား ပြီးဖြေရှင်းရန်ကျန် နေသည့်အမှု ၆၄မှုရှိကာ စိစစ်ကာပြန်ပေးရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဦးထွန်းဌေးက ဆိုသည်။

Leave a Reply