မော်လမြိုင် ဧပြီ ၁၈

မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိခဲ့ပြီး ခိုးမှုကျူးလွန်သူ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြာင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှုခင်းအကူဌာနမှ သိရသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ ည ၈ နာရီခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ်နေ ရဲမင်းပိုင် အသက် ၂၄ နှစ်ဆိုသူ၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် ၎င်းက ထွက်ပြေးလွှတ်မြောက်ခဲ့ပြီး နေအိမ်အတွင်းမှ ခိုးယူဖောက်ထွင်းထားသော ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိထားခြင်း ဖြစ်ကြောင်း သိရသည်။

“ထွက်ပြေးနေတဲ့ တရားခံ အမြန်ဆုံးဖမ်းမိဖို့အတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ထွက်ပြေးနေတဲ့ တရားခံ အမျိုးသမီးကိုတော့ ရဲစခန်းမှာ စစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ညွှန်မှူးနေအိမ်မှ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ဖာက်ထွင်းအခိုးခံရမှုနှင့် ပတ်သက်၍ မုပွန်နယ်မြေရဲစခန်း၌ (ပ)၁၅၈၆/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၄၅၄ အရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

Written by ဟင်္သာမီဒီယာ

Leave a Reply