မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀ ။ ။ မွန်ပြည်နယ်အနှံ့ ပြစ်မှုဆိုင်ရာ ဥပဒေ အသိပညာပေး လုပ်ငန်းများ ကို ဆောင်ရွက်မည် ဖြစ်ကြောင်း မော်လမြိုင်ဂျတ်စတစ် စင်တာ (Mawlamyine Justice Center) မှ ပရောဂျက် မန်နေဂျာ ဦးဟန်ညိမ်းက ပြောကြားသည်။

“ဒီလို ဟောပြောပွဲတွေ လုပ်နေတယ်၊ နောက်ပြီး လက်ကမ်း စာစောင်တွေ ဖြန့်ဝေပေးမယ်၊ ပြည်သူလူထုတွေ အများဆုံး ကြည့်ဖြစ်အောင် ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးပြီး ပညာပေးလုပ်ငန်းတွေ လုပ်သွားပေးဖို့ ရှိတယ်” ဟု ဦးဟန်ညိမ်းက ဆိုသည်။

မွန်ပြည်နယ် အတွင်းရှိ ပြည်သူလူထုအနေဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ နားလည်မှု အားနည်းနေခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် ပတ်သက်သည့် ပုဒ်မများကို ပိုမို သိရှိနားလည်အောင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ကမ္ဘာအေးဘုရားဓမ္မရုံ တွင် ကျင်းပပြုလုပ်သော ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သော အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေ အသိပညာပေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ရာ ၂၁၀၆ ခုနှစ်က စပြီး တစ်လလျှင် နှစ်ကြိမ် မြို့နယ်တိုင်းတွင် ဟောပြောပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

ထို့နောက် ချောင်းဆုံမြို့နယ်နှင့် ကျိုက်မရောမြိ်ု့နယ်တို့၌ မတ်လတွင် ေ ဟာပြောပွဲလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply