Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၅

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့သည် လာမည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေး ထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပါတီမှ တာဝန်ရှိသူ တစ်ဦးက ဟင်္သာမီဒီယာကို ပြောကြားသည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံပြီးနောက် NCA လက်မှတ်ရေးထိုးမည့် အကြောင်း ကြေညာခဲ့သည်။

NCA လက်မှတ်ရေးထိုးမည့် အချိန်နှင့် နေရာကိုတော့ မွန်ပြည်သစ်ပါတီက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က NCA လက်မှတ်ရေးထိုးရာတွင် ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် နိုင်ငံရေးဆိုင်ရ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဆွေးနွေးခဲ့သည့် သဘောတူညီချက် ၈ ချက်ကိုပါ တစ်ပါတည်း ရေးထိုးသွားမည်ဖြစ်ကြောင်း ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားအပြီးမှာ သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးပါက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး၊ ၎င်းတို့ အမျိုးသား လိုအပ်ချက်များကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ တင်ပြသွားဖို့ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင် ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူးရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply